Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်လည်း အီရန်ကို ဝင်တိုက်နေပြီလို့ ထရမ့်အတည်ပြု၊ အီရန်မြို့တော် တဟီရန်မှာ ပေါက်ကွဲသံတွေ ဆူညံနေ

အီရန်ကို တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးမှာ အမေရိကန်လည်း ပါဝင်နေတယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ကြေညာလိုက်ပါတယ်။

ဖေဖော်ဝါရီ -၂၈ ၊၂၀၂၆

အီရန်ကို တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးမှာ အမေရိကန်လည်း ပါဝင်နေတယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ကြေညာလိုက်ပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြား စစ်ရေးအရ တင်းမာမှုတွေ မြင့်တက်နေတဲ့ အချိန်မှာပဲ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေးက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အီရန် ကို လက်ဦးမှုယူ စတင်တိုက်ခိုက်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ အီရန်ရဲ့ မြို့တော် တဟီရန်မှာလည်း ပေါက်ကွဲသံတွေ ဆူညံနေခဲ့ပါတယ်။

အဲဒီနောက် သိပ်မကြာခင်မှာပဲ ထရမ့်က သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်းဖြစ်တဲ့ Truthပေါ်မှာ ၈ မိနစ်ကြာ ဗီဒီယိုတစ်ခု လွှင့်တင်ခဲ့ပြီး အစ္စရေးနဲ့အတူ အမေရိကန်ကလည်း အီရန်ကို တိုက်နေပြီလို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က အီရန်မှာ အမေရိကန်က အကြီးစား စစ်ဆင်ရေး (major combat operation)တွေကို ဆင်နွှဲနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ သဘောတူညီမှု မရဘဲ ပြီးဆုံးခဲ့ချိန်အထိ အီရန် နျူကလီးယား ထိန်းချုပ်ရေး ကိစ္စမှာ အမေရိကန်ဟာ ညှိနှိုင်းမှုတွေနဲ့ အဖြေရှာဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

ဒါပေမဲ့ အကြိမ်ကြိမ် ကြိုးစားမှုတွေ အဆင်မချောခဲ့တဲ့နောက် အခုအခါ အီရန်ရဲ့ ဒုံးကျည်တွေကို ဖျက်ဆီးပြီး ဒုံးကျည် ထုတ်လုပ်မှုနိုင်စွမ်းတွေကို လုံးဝဥဿုံ အဆုံးသတ်စေဖို့ အမေရိကန်က လုပ်ဆောင်သွားတော့မယ်လို့ ထရမ့်က ပြောကြားထားပါတယ်။

သူက အီရန်ဟာ နျူကလီးယား နည်းပညာ တိုးတက်ရေးကို ဆက်လက် အကောင်အထည် ဖော်နေသလို တာဝေးပစ် ဒုံးကျည်တွေ ထုတ်လုပ်နိုင်ရေးကိုလည်း ဆက်လက် အားထုတ်နေကြောင်း၊ အဲဒီ ဒုံးကျည်တွေဟာ ဥရောပမှာရှိတဲ့ အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်တွေကိုတောင် ခြိမ်းခြောက်နိုင်စွမ်း ရှိနေကြောင်းလည်း စွပ်စွဲခဲ့ပါတယ်။

အရမ်းကောက်ကျစ် စဉ်းလဲတဲ့ အာဏာရှင်တွေက အမေရိကန်ကို ခြိမ်းခြောက်လာမယ့် အခြေအနေကို တားဆီးဖို့အတွက် အမေရိကန်ဟာ အခုလို စစ်ဆင်ရေးကြီးကို ဆင်နွှဲဖို့ ရွေးချယ်လိုက်တာလို့လည်း သူက ဆိုပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ကြုံနေရချိန်မှာပဲ အီရန်ရဲ့ အစိုးရပိုင် သတင်းဌာနတွေ အပါအဝင် နေရာတချို့မှာ ဆိုက်ဘာနည်းလမ်းနဲ့ တိုက်ခိုက်မှုတွေကိုပါ ရင်ဆိုင်နေရကြောင်းလည်း သိရပါတယ်။

ကိုးကား – BBC
ဓာတ်ပုံ – AP ၊ AFP ၊ Reuters

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ကြေညာထားတဲ့အတိုင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ တက်ရောက်ရင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဒိန်းမတ်၊ ဂရင်းလန် အစိုးရတွေနဲ့အတူ ဂရင်းလန် လုံခြုံရေး သဘောတူညီမှုကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်းအပေါ် အစ္စရေးရဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ကာကွယ် ပြောဆိုသွားမယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဆိုပါတယ်။

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

Facebook