Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံရဲ့ထိပ်ပိုင်း ခေါင်းဆောင်တွေ သေဆုံးတယ်ဆိုတဲ့သတင်းတွေကို အီရန်ငြင်းဆို

အစ္စရေး တိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ နိုင်ငံရေးနဲ့ စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေ သေဆုံးကြောင်း သတင်းတွေကို အီရန် အစိုးရ မီဒီယာက ပယ်ချခဲ့ပါတယ်။

အီရန်နိုင်ငံရဲ့ အဓိပတိ အယာတိုလာ ခါမေနီ ကိုတွေရပုံ (ပုံဟောင်း) ဓာတ်ပုံ - Reuters

ဖေဖော်ဝါရီ – ၂၈ ၊၂၀၂၆

အစ္စရေး တိုက်ခိုက်မှုတွေကြောင့် အီရန်ရဲ့ နိုင်ငံရေးနဲ့ စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်ပိုင်းတွေ သေဆုံးကြောင်း သတင်းတွေကို အီရန် အစိုးရ မီဒီယာက ပယ်ချခဲ့ပါတယ်။

သမ္မတမာဆွတ်ဒ်ပက်ဇက်ရှ်ခန်းကလုံလုံခြုံခြုံ ရှိနေကြောင်းသူ့ရဲ့ လက် ထောက်ဖြစ်သူ မိုဟာမက် ဂျာဖား ကွမ်ပါနာက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

သမ္မတရဲ့ သားဖြစ်သူ ယူဆက်ဖ် ပက်ဇက်ရှ်ခန်းကလည်း ဖခင်ဖြစ်သူကို ရန်သူတွေက လုပ်ကြံမယ့် အကြံအစည် မအောင်မြင်ခဲ့ဘူးလို့ Telegram ကနေတဆင့် ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ အီရန်စစ်တပ်ကလည်း စစ်ဦးစီးချုပ် ဗိုလ်ချုပ် အေမာ ဟာတာမီ သေဆုံးသွားတယ်ဆိုတဲ့ သတင်းကို ငြင်းဆိုခဲ့ပါတယ်။

Fars သတင်းဌာနကအီရန်လွှတ်တော်ဥက္ကဋ္ဌမိုဟာမက်ဘေကာကာလီဘက်ဖ်နဲ့ အမျိုးသားလုံခြုံရေးကောင်စီအကြီးအကဲအလီလာရီဂျာနီတို့လည်း ဘေးကင်းတယ်လို့ သိရတယ်ဆိုတာဖော်ပြပါတယ်။

အစ္စရေးစစ်တပ်(IDF)ကတော့အီရန်မြို့တော် တဟီရန် ရှိတဲ့ အီရန် အစိုးရနဲ့ စစ်ဘက် ထိပ်တန်း ခေါင်းဆောင်တွေရဲ့ တည်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အီရန်ကတော့ အဲဒီတိုက်ခိုက်မှုတွေအတွင်း ခေါင်းဆောင်ပိုင်းတွေ သေကြေခဲ့တယ် ဆိုတာကို ငြင်းဆိုခဲ့တာပါ။

အစ္စရေး တိုက်ခိုက်မှုမှာ အီရန် အဓိပတိ အယာတိုလာ အလီ ခါမေနီရဲ့ အိမ်တော်လည်း ပျက်စီးသွားပြီး ခါမေနီရဲ့ အခြေအနေကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အီရန်က အရှေ့အလယ်ပိုင်း ဒေသတွင်းမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကိုပါ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် အာရပ်နိုင်ငံတွေပါ စစ်ပွဲထဲ ဆွဲသွင်းခံရသလို ဖြစ်နေပြီး ထိခိုက်သေကြေမှုတွေကိုတော့ အသေးစိတ် မသိရသေးပါဘူး။

အီရန် အစိုးရရဲ့ သတင်းထုတ်ပြန်ကြေညာချက်မှာ နိုင်ငံတောင်ပိုင်း၊ မီနက်ဘ်ဒေသမှာ ရှိနေတဲ့ မိန်းကလေးကျောင်း တစ်ခုဟာ အီရန်ကိုတိုက်ခိုက်လာတဲ့ ဒုံးကျည်တွေ ထိမှန်လို့ ၅၃ ဦးသေပြီး ၆၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကြေညာထားပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။