Connect with us

Hi, what are you looking for?

သတင်း

ထားဝယ် GTCက စစ်တပ်ကို DNLAထပ်မံတိုက်ခိုက် စစ်သား ၃ဦးသေ၊ လက်နက် ၃လက်ရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်တိုက်ခိုက်မှုအတွင်း သိမ်းရတဲ့ လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ − ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်

မတ် ၂၊ ၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ စစ်တပ်ဟာ ခရီးသွားပြည်သူတွေထံ အတင်းအမ္မ ငွေကြေးကောက်ခံနေတာဖြစ်ပြီး DNLAရဲ့ ဒူရကစစ်ကြောင်းက အလစ်အငိုက် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်သား သုံးဦးသေဆုံးခဲ့တဲ့ အဲဒီတိုက်ပွဲမှာ MA1 (၂)လက်၊ G3 (၁)လက်၊ လက်ပစ်ဗုံး(၁)လုံး၊ G3 ကျည် (၁၀၀)တောင့်၊ MAကျည် (၁၀၀)တောင့်၊ MA ကျည်ဘောက် (၅)ခု သိမ်းရခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနဲ့အတူ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

DNLA ရဲ့ ဒူရကစစ်ကြောင်းနဲ့ ထားဝယ် ပကဖတို့ဟာ ဖေဖော်ဝါရီ ၁၆ရက်ကလည်း GTCကျောင်း အတွင်း တပ်စွဲထားတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် ၂၀ ကျော်သေဆုံးကာ ၁၁ဦး အရှင်ဖမ်းမိပြီး လက်နက် ၁၈လက် သိမ်းရခဲ့ပါတယ်။အဲဒီတိုက်ပွဲကို စစ်ကူတက်လာတဲ့ စစ်ကြောင်းကိုလည်း တော်လှန်ရေး ရဲဘော်တွေက တိုက်ခိုက်ခဲ့ရာ ထားဝယ်မြို့ လုံခြုံရေးကို ဦးဆောင်သော ဗိုလ်မှူးအေးလွင် အပါအဝင် ၅ ဦးထပ်မံ သေဆုံးခဲ့ကြောင်း ဒူရက စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲတုန်းက GTCကျောင်းကို တော်လှန်ရေးတပ်က ယာယီသိမ်းပိုက်ထိန်းချုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်တပ်က ဒေသတွင်းကို စစ်အင်အားဖြည့်တင်းခဲ့ပါတယ်။

DNLAဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးလည်း ဖေဖော်ဝါရီ ၁၇ရက်မှာ တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ တောင်ခေါင်းလောင်းရွာတပ်စခန်းနဲ့ တောင်ယာကမ်းရွာ ကင်းစခန်းတွေကို တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာလည်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိပြီး ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် တနိုင်ငံလုံးအတိုင်းအတာ စစ်ရှိန်မြှင့် ဆောင်ရွက်နေတဲ့အချိန်ဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ရေး သတိနဲ့ သွားလာနေထိုင်ကြဖို့ DNLAက တိုက်တွန်းထားသလို စစ်ကောင်စီက အချိန်မရွေး လေကြောင်းအသုံးပြု တိုက်ခိုက်မှုများရှိလာနိုင်လို့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေ လိုက်နာဖို့ နှိုးဆော်ထားပါတယ်။

တော်လှန်ရေးနဲ့ စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက် ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အနေနဲ့ အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲ ပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို စစ်တပ်က ၃ရက်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးထားပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။