Connect with us

Hi, what are you looking for?

News

၃နာရီကြာ ဆော-ကန်ပလက် နယ်စပ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ​ခုနစ်ဦးသေဟု CDF ထုတ်ပြန်

ကောင်စီတပ်သည် ကန်ပက်လက်မြို့ မြန်မာ့စီးပွားဘဏ်နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် တပ်စွဲထားကြောင်း CDFက ထုတ်ပြန်သည်။

People's Spring
People's Spring

ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ ၃နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကန်ပလက် CDF က ထုတ် ပြန်သည်။

ဒီဇင်ဘာ ၉ရက် နံနက် ၉နာရီအချိန်က ဆော့မြို့နယ်နှင့် ကန်ပက်လက်နယ်စပ် ပေါင်ချောင်းဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပါကွန်းကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေ၊ ​ခြောက်ဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်၏ လက်နက်ကြီး၊လက်နက်ငယ် သာလွန်ပစ်အားကြောင့် ကန်ပက်လက် CDF အနေဖြင့် ခွာပစ်စနစ်ဖြင့် တိုက်ပွဲဆင်ခဲ့ပြီး အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် စစ်အင်အားတိုးမြှင့်နေသော စစ်​ကောင်စီတပ်သည် ကန်ပက်လက်မြို့ မြန်မာ့စီးပွားဘဏ်နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် တပ်စွဲထားကြောင်း CDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ကန်ပက်လက် CDF အနေဖြင့် နိုဝင်ဘာ ၂၈ရက်၊ ဒီဇင်ဘာ ၃ရက်နှင့် ဒီဇင်ဘာ ၄ရက်က မြို့ပေါ် တိုက်ပွဲများ ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံးခုနစ်ဦးသေဆုံးခဲ့သည်ဟု CDFက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။