Connect with us

Hi, what are you looking for?

LuduNwayOo

News

၃နာရီကြာ ဆော-ကန်ပလက် နယ်စပ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ​ခုနစ်ဦးသေဟု CDF ထုတ်ပြန်

ကောင်စီတပ်သည် ကန်ပက်လက်မြို့ မြန်မာ့စီးပွားဘဏ်နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် တပ်စွဲထားကြောင်း CDFက ထုတ်ပြန်သည်။

People's Spring
People's Spring

ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ ၃နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကန်ပလက် CDF က ထုတ် ပြန်သည်။

ဒီဇင်ဘာ ၉ရက် နံနက် ၉နာရီအချိန်က ဆော့မြို့နယ်နှင့် ကန်ပက်လက်နယ်စပ် ပေါင်ချောင်းဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပါကွန်းကျေးရွာအနီး၌ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေ၊ ​ခြောက်ဦးဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်၏ လက်နက်ကြီး၊လက်နက်ငယ် သာလွန်ပစ်အားကြောင့် ကန်ပက်လက် CDF အနေဖြင့် ခွာပစ်စနစ်ဖြင့် တိုက်ပွဲဆင်ခဲ့ပြီး အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် စစ်အင်အားတိုးမြှင့်နေသော စစ်​ကောင်စီတပ်သည် ကန်ပက်လက်မြို့ မြန်မာ့စီးပွားဘဏ်နှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် တပ်စွဲထားကြောင်း CDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ကန်ပက်လက် CDF အနေဖြင့် နိုဝင်ဘာ ၂၈ရက်၊ ဒီဇင်ဘာ ၃ရက်နှင့် ဒီဇင်ဘာ ၄ရက်က မြို့ပေါ် တိုက်ပွဲများ ဆင်နွှဲခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံးခုနစ်ဦးသေဆုံးခဲ့သည်ဟု CDFက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။