Connect with us

Hi, what are you looking for?

သတင်း

ပုပ္ပါးမှာ စစ်တပ်က ကျေးရွာတွေ နှစ်ရက်ဆက်မီးရှို့ပြီး ထန်းတောင်သူတစ်ဦး ပစ်သတ်

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ စစ်တပ်က နှစ်ရက်ဆက် ကျေးရွာတွေကို မီးပတ်ရှို့နေပြီး ထန်းတောင်သူတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောပါတယ်။

ကျောက်ပန်းတောင်းမြို့နယ်အတွင်း စစ်တပ်က မီးရှို့သွားသောကျေးရွာများအား တွေ့ရစဥ်။ ဓါတ်ပုံ-ကျောက်ပန်း​တောင်းလူငယ်ကွန်ရက်

မတ်−၄၊ ၂၀၂၆။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ စစ်တပ်က နှစ်ရက်ဆက် ကျေးရွာတွေကို မီးပတ်ရှို့နေပြီး ထန်းတောင်သူတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောပါတယ်။

မနေ့က မတ်လ ၃ရက် နေ့လယ် ၂ နာရီခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတိုက်နယ်၊ စိတ္တိန်းမြောက်ဘက်ရွာကနေစတင်ပြီး စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေက ဝင်ရောက်မီးရှို့ဖျက်ဆီးလို့ စိတ္တိန်းတောင်ကျေးရွာ နေအိမ် ၂၀ ၊စိတ္တိန်းမြောက်ရွာ နေအိမ် ၄၀၊ ကူတောရွာ (တဲတိုက်) နေအိမ် ၈လုံးနဲ့ ကြက်သွန်ဂိုဒေါင်တွေ၊ ပဲမှော်တိုက်တွေ မီးလောင်ပြာကျခဲ့ကြောင်း ကျောက်ပန်းတောင်းလူငယ်ကွန်ရက်က ပြောပါတယ်။

“ကူတော အိမ်ခြေ ၃၀ နီးပါးပါတာ။ စိတ္ထိန်းလည်းမြေပြင်မှာပိုများပါတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီကနေ့ မတ်လ ၄ ရက် မနက် ၆ နာရီခွဲခန့်ကလည်း ဆိုင်ဂေါင်ကျေးရွာအနီးရှိ တဲတိုက် ၅ အိမ်ကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ နေ့လယ်ပိုင်းအထိ တဲတိုက်တွေနဲ့ အခြားနေအိမ်တွေကို ဆက်လက်မီးရှို့နေဆဲဖြစ်ကြောင်း အထက်ပါအဖွဲ့က ပြောပါတယ်။

“အိမ်ကြီးအိမ်ကောင်းတွေကို မီးရှို့သွားတာ”လို့ အထက်ပါအဖွဲ့တာဝန်ရှိသူက ပြော​ပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင် ဒေသခံ ထန်းတက်တောင်သူတစ်ဦးကိုလည်း စစ်တပ်က ပစ်သတ်သွားကြောင်း သိရပါတယ်။

စစ်တပ်ဟာ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းမှ လမ်းခင်းရန် သိမ်းထားတဲ့အလှူငွေ ကျပ်သိန်း ၃၀ ၊ စစ်မရှောင်နိုင်ဘဲ ကျန်ရစ်တဲ့ အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး​ထံက ကျပ် ၆ သိန်းနဲ့ ရွှေဆွဲကြိုးတစ်ကုံး စတဲ့ငွေသားနဲ့ပစ္စည်းတွေ လုယက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ကျောက်ပန်းတောင်းမြို့နယ်၊ ဘုရားကြီးကုန်ကျေးရွာကို စစ်ကြောင်းထိုး မီးရှို့ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ချောက်မြို့နယ်ထဲမှာစစ်ကြောင်းထိုးနေတဲ့အာဏာသိမ်းစစ်တပ်ကနရွဲတောရွာကိုမီးရှို့ဖျက်ဆီးလိုက်တာကြောင့် ရွာလုံးကျွတ်နီးပါးအပျက်အဆီးတွေများနိုင်သလို ရွာခံတွေလည်း ထွက်ပြေးနေရတယ်လို့ ဒေသခံအချို့ ဆီကသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။