Connect with us

Hi, what are you looking for?

News

အာဏာရှင်များ၏ လူမဆန်မှုများကို ရသမျှနည်းအားလုံးဖြင့် ဆက်လက်ဖိအားပေးမည်ဟု EU ထုတ်ပြန်

ဖေဖော်ဝါရီ ၁ ရက်ကတည်းက EU မှ လူပုဂ္ဂိုလ် ၄၃ ဦးနှင့် စစ်တပ်ပိုင်အဖွဲ့အစည်း ၆ခု အပေါ် ချမှတ်ခဲ့သည့် အရေးယူပိတ်ဆို့မှုများသည် မြန်မာပြည်သူလူထုကို အားပေးပံ့ပိုးမည့် EU ၏ သန္နိဋ္ဌာန်ကို ပြသနေခြင်းဖြစ်သည်ဟုလည် ဆိုသည်။

(ယ​နေ့ပြလုပ်သည့် အသံတိတ်သပိတ်တွင် ပြည်သူများပူး​ပေါင်းပါဝင်၍ ရန်ကုန်မြို့လယ်ရှိ လမ်းမထက်တွင် ရှင်းလင်းတိတ်ဆိတ်​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

–ယခင်ထက်ပို၍ မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်လျက်ရှိဟုဆို

မြန်မာပြည်သူလူထုကို အားပေးပံ့ပိုးသွားမည်ဖြစ်သလို စစ်အာဏာရှင်များ၏ လူမဆန်သောအပြုအမူများကို ရသမျှနည်းအားလုံးဖြင့် ဆက်လက်ဖိအားပေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU)က ယနေ့ထုတ်ပြန်သည်။

ယနေ့ ကျရောက်သော လူ့အခွင့်အရေးနေ့တွင် EU သည် ယခင်ကထက်ပို၍ မြန်မာပြည်သူလူထုနှင့်အတူရပ် တည်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။

(ယ​နေ့ပြလုပ်သည့် အသံတိတ်သပိတ်တွင် ပြည်သူများပူး​ပေါင်းပါဝင်၍ ရန်ကုန်မြို့လယ်ရှိ လမ်းမထက်တွင် ရှင်းလင်းတိတ်ဆိတ်​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – PS)

စစ်တပ်အာဏာပိုင်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ကျူးလွန်ထားသကဲ့သို့ ပြည်သူများအပေါ် ကျူးလွန်သည့် မတရားဖမ်းဆီး ချုပ်နှောင်မှုများ၊ အကွက်ချဖိနှိပ်မှုများနှင့် အဆင်အခြင်မဲ့ အကြမ်းဖက်မှုများသည် လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများကို ပြောင်းတင်းစွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း EUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁ ရက်ကတည်းက EU မှ လူပုဂ္ဂိုလ် ၄၃ ဦးနှင့် စစ်တပ်ပိုင်အဖွဲ့အစည်း ၆ခု အပေါ် ချမှတ်ခဲ့သည့် အရေးယူပိတ်ဆို့မှုများသည် မြန်မာပြည်သူလူထုကို အားပေးပံ့ပိုးမည့် EU ၏ သန္နိဋ္ဌာန်ကို ပြသနေခြင်းဖြစ်သည်ဟုလည် ဆိုသည်။

(ယ​နေ့ပြလုပ်သည့် အသံတိတ်သပိတ်တွင် ပြည်သူများပူး​ပေါင်းပါဝင်၍ ရန်ကုန်မြို့လယ်ရှိ လမ်းမထက်တွင် ရှင်းလင်းတိတ်ဆိတ်​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – PS)

လူ့အခွင့်အရေးများကို ကမ္ဘာတစ်ဝန်းမှမည်သူမဆို ခံစားခွင့်ရှိပြီး ခွဲခြားသတ်မှတ်၍မရနိုင်ကြောင်း၊ ၎င်းတို့ကို ခုခံကာကွယ်ရန်ကြိုးပမ်းနေသည့် ကျွန်ုပ်တို့၏ အားထုတ်မှုများကို မည်သည့်အခါမျှ ရပ်တန့်သွားမည်မဟုတ်ကြောင်း EUက အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ လုပ်ရပ်အတွက် အီရန် အစိုးရကို အရေးယူ ပိတ်ဆို့မှု အသစ်တွေနဲ့ တုံ့ပြန်ဖို့ ဥရောပ သမဂ္ဂ (EU)က စီစဉ်နေပြီ ဖြစ်ပါတယ်။

သတင်း

မြန်မာနိုင်ငံတဝန်းပိုမိုဆိုးရွားလာတဲ့စားနပ်ရိက္ခာအကျပ်အတည်းကိုရင်ဆိုင်ရာမှာအထောက်အကူဖြစ်ဖို့အတွက်ဥရောပသမဂ္ဂ(EU)ကယူရိုငွေ ၈ သန်းကိုထောက်ပံ့ကူညီလာတယ်လို့ ကုလသမဂ္ဂရဲ့ကမ္ဘာ့စားနပ်ရိက္ခာအစီ အစဉ်(WFP) ဒီနေ့ ( မေလ ၁၈ )မှာထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်အတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။