Connect with us

Hi, what are you looking for?

News

အာဏာရှင်များ၏ လူမဆန်မှုများကို ရသမျှနည်းအားလုံးဖြင့် ဆက်လက်ဖိအားပေးမည်ဟု EU ထုတ်ပြန်

ဖေဖော်ဝါရီ ၁ ရက်ကတည်းက EU မှ လူပုဂ္ဂိုလ် ၄၃ ဦးနှင့် စစ်တပ်ပိုင်အဖွဲ့အစည်း ၆ခု အပေါ် ချမှတ်ခဲ့သည့် အရေးယူပိတ်ဆို့မှုများသည် မြန်မာပြည်သူလူထုကို အားပေးပံ့ပိုးမည့် EU ၏ သန္နိဋ္ဌာန်ကို ပြသနေခြင်းဖြစ်သည်ဟုလည် ဆိုသည်။

(ယ​နေ့ပြလုပ်သည့် အသံတိတ်သပိတ်တွင် ပြည်သူများပူး​ပေါင်းပါဝင်၍ ရန်ကုန်မြို့လယ်ရှိ လမ်းမထက်တွင် ရှင်းလင်းတိတ်ဆိတ်​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - PS)

–ယခင်ထက်ပို၍ မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်လျက်ရှိဟုဆို

မြန်မာပြည်သူလူထုကို အားပေးပံ့ပိုးသွားမည်ဖြစ်သလို စစ်အာဏာရှင်များ၏ လူမဆန်သောအပြုအမူများကို ရသမျှနည်းအားလုံးဖြင့် ဆက်လက်ဖိအားပေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ (EU)က ယနေ့ထုတ်ပြန်သည်။

ယနေ့ ကျရောက်သော လူ့အခွင့်အရေးနေ့တွင် EU သည် ယခင်ကထက်ပို၍ မြန်မာပြည်သူလူထုနှင့်အတူရပ် တည်လျက်ရှိကြောင်း ဖော်ပြခဲ့သည်။

(ယ​နေ့ပြလုပ်သည့် အသံတိတ်သပိတ်တွင် ပြည်သူများပူး​ပေါင်းပါဝင်၍ ရန်ကုန်မြို့လယ်ရှိ လမ်းမထက်တွင် ရှင်းလင်းတိတ်ဆိတ်​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – PS)

စစ်တပ်အာဏာပိုင်များက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ကျူးလွန်ထားသကဲ့သို့ ပြည်သူများအပေါ် ကျူးလွန်သည့် မတရားဖမ်းဆီး ချုပ်နှောင်မှုများ၊ အကွက်ချဖိနှိပ်မှုများနှင့် အဆင်အခြင်မဲ့ အကြမ်းဖက်မှုများသည် လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများကို ပြောင်းတင်းစွာ ချိုးဖောက်နေခြင်းဖြစ်ကြောင်း EUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁ ရက်ကတည်းက EU မှ လူပုဂ္ဂိုလ် ၄၃ ဦးနှင့် စစ်တပ်ပိုင်အဖွဲ့အစည်း ၆ခု အပေါ် ချမှတ်ခဲ့သည့် အရေးယူပိတ်ဆို့မှုများသည် မြန်မာပြည်သူလူထုကို အားပေးပံ့ပိုးမည့် EU ၏ သန္နိဋ္ဌာန်ကို ပြသနေခြင်းဖြစ်သည်ဟုလည် ဆိုသည်။

(ယ​နေ့ပြလုပ်သည့် အသံတိတ်သပိတ်တွင် ပြည်သူများပူး​ပေါင်းပါဝင်၍ ရန်ကုန်မြို့လယ်ရှိ လမ်းမထက်တွင် ရှင်းလင်းတိတ်ဆိတ်​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – PS)

လူ့အခွင့်အရေးများကို ကမ္ဘာတစ်ဝန်းမှမည်သူမဆို ခံစားခွင့်ရှိပြီး ခွဲခြားသတ်မှတ်၍မရနိုင်ကြောင်း၊ ၎င်းတို့ကို ခုခံကာကွယ်ရန်ကြိုးပမ်းနေသည့် ကျွန်ုပ်တို့၏ အားထုတ်မှုများကို မည်သည့်အခါမျှ ရပ်တန့်သွားမည်မဟုတ်ကြောင်း EUက အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မိခင်ဖြစ်သူရဲ့ ဒုက္ခအိုးဖြစ် နေပေမယ့် ပြည်သူ‌​တွေ အားကိုးရတဲ့ ဆရာဝန်တယောက်ဖြစ်အောင် တော့ သူကြိုးစား နေတယ်လို့ဆိုပါတယ်။သူ့ရဲ့လူငယ်ဘဝ ဆေး ကျောင်းသားဘဝကို ၄နှစ်တာ တောထဲမှာ ကုန်ဆုံးခဲ့ရပေမယ့် တော်လှန်ရေး‌နဲ့ပတ်သက်ပြီး ယုံကြည်ချက်‌​တွေကတော့ခိုင်မာနေဆဲပါ။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် အလုံးအရင်း ပြည်သူ့ဘက်ပါဝင်လာရေး တွန်းတွန်းတိုက်တိုက် ကြိုးစားရန် လိုအပ်ဟု ပြော

ဆောင်းပါး

စစ်အာဏာရှင်ကို​ ကဏ္ဍအသီးသီးမှ ​တော်လှန်​​နေကြ​တဲ့ ​တော်လှန်​ရေးသမား​တွေရဲ့ နှစ်သစ် ၂၀၂၅ အတွက်သတင်းစကားကို လူထု​နွေဦးက စုစည်း​​ဖော်ပြ​ပေးလိုက်ပါတယ် ။

သတင်း

ရေစကြိုပကဖအနေနဲ့ အာဏာသိမ်းကာလတလျှောက် တိုက်ပွဲတွေမှာ ရဲဘော်(၁၈)ဦးအထိ ကျဆုံးခဲ့တယ်လို့ ရေစကြိုပကဖက အသိပေးပါတယ်။