Connect with us

Hi, what are you looking for?

သတင်း

မုံရွာက ထနောင်းတောမြောက်ရွာကို စစ်တပ် ဝင်စီးပြီး လူငယ် ၂ဦး ပစ်သတ်

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

မတ်-၁၀၊ ၂၀၂၆။ဇေအောင်/People’s Spring

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

မတ်လ ၉ရက် ည ၈နာရီခန့်က မုံရွာ-မန္တလေးလမ်းပေါ်မှာရှိတဲ့ စွမ်းရည်ထက်ဆီဆိုင်အနီးက စစ်ကောင်စီတပ်ဟာ မုံရွာမြို့နယ်၊ ထနောင်းတောကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခဲ့တာပါ။

“ထနောင်းတောမြောက်ရွာဝင်တဲ့ စစ်ကြောင်းက နှစ်ယောက်သတ်သွားတာ”လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်ခံရသူတွေဟာ အသက်(၁၅)နှစ် အရွယ်ရှိ ဆယ်ကျော်သက်ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ကျေးရွာက နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး ပြည်သူတွေကိုသတ်ဖြတ်မှုတွေ ဆက်တိုက်ကျူးလွန်နေပြီး မတ်လ ၅ရက်က ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ပြည်သူ (၃၀၀) ကျော်ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပြီး ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ စစ်တပ် လက်ချက်ကြောင့် သေဆုံးပြည်သူ ၄၀ ကျော်ရှိရာ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦးနဲ့ သက်ကြီးရွယ်အိုတွေ ပါဝင်တယ်လို့ ပဲခူးခရိုင် တပ်ရင်း(၂) က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။