Connect with us

Hi, what are you looking for?

သတင်း

မုံရွာမှာ ဆီတန်းနေရာရောင်းစားသူတွေ ဓားကိုင်ခြိမ်းခြောက်လို့ ဒေသခံတွေ စိုးရိမ်

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကမ်းနားလမ်းမှာ စက်သုံးဆီဆိုင်ရှေ့မှာ နေရာဦးရောင်းစားနေတဲ့အဖွဲ့က ဓားတွေပါ ယူဆောင်လာလို့ ဆီတန်းစီတဲ့ ပြည်သူများအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

(မုံရွာမြို့ကမ်းနားလမ်းရှိ စက်သုံးဆီဆိုင်တွင် ဆိုင်ကယ်များဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေစဥ်။ ဓာတ်ပုံ - CJ)

မတ်-၁၀၊ ၂၀၂၆။မေရီ/People’s Spring

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကမ်းနားလမ်းမှာ စက်သုံးဆီဆိုင်ရှေ့မှာ နေရာဦးရောင်းစားနေတဲ့အဖွဲ့က ဓားတွေပါ ယူဆောင်လာလို့ ဆီတန်းစီတဲ့ ပြည်သူများအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

မုံရွာမြို့ ကမ်းနားလမ်းရှိ အရင်က DENKO ဆီဆိုင်ကနေ အမည်ပြောင်းထားတဲ့ စက်သုံးဆီဆိုင်ရှေ့မှာ ညဘက်ကတည်းက ကြိုးတားကာ နေရာဦးထားပြီး နောက်တနေ့မနက်မှာ ဆိုင် ကယ်တစ်စီးကို ၁,၀၀၀ ကျပ်ကနေ ၂,၀၀၀ ကျပ်အထိ နေရာခယူကာ ပြန်လည်ရောင်းစားနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောပါတယ်။

အဲဒီလို နေရာရောင်းစားမှုတွေကြောင့် မနက်အစောပိုင်းမှာ လာရောက်တန်းစီတဲ့ ပြည်သူတွေဟာ နေရာရောင်းစားသူတွေနဲ့ မကြာခဏ စကားများ အငြင်းပွားမှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“ဆိုင်ရှေ့မှာတင် ကြိုးတားပြီး ညအိပ်စောင့်။ မနက်ကျ ဆိုင်ကယ်တစ်စီးကို တစ်ထောင်နှစ်ထောင် နေရာတွေရောင်းစားနေတာ။ ဆိုင်ကယ်တစ်စီးရပ်ထားပြီး ဆိုင်ကယ်အစီး၂၀ စာနေရာရောင်းစားကြတယ်။ နေ့တိုင်းလိုလိုဖြစ်နေတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

မနေ့က မနက်ပိုင်းမှာတော့ နေရာရောင်းစားသူတွေဟာ ဓါးတွေပါယူဆောင်လာတဲ့အထိ ဆိုးရွားလာတာကြောင့် လုံခြုံရေးစိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၇ ရက်ကစတင်ခဲ့တဲ့ စစ်ကောင်စီရဲ့စက်သုံးဆီ ချွေတာရေး ဝယ်ယူခွင့်ကန့်သတ်ချက်ဖြစ်တဲ့ စုံ/မစနစ်ကြောင့် ပြည်သူတွေကြား အခက်အခဲတွေ ဖြစ်ပေါ်နေပြီး စက်သုံးဆီဝယ်ယူရခက်ခဲနေပါတယ်။

ဒါ့အပြင် စက်သုံးဆီ ပြင်ပပေါက်စျေးလည်း မြင့်တက်နေပြီး တစ်လီတာ ကျပ်ရှစ်ထောင်ကနေ တစ်သောင်းဝန်းကျင်အထိ စျေးပေါက်နေတဲ့အပြင် ဝယ်ယူရခက်ခဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။