Connect with us

Hi, what are you looking for?

သတင်း

“သူတို့စက်ထဲမှာ ပြောတာကြားတယ်၊ ကလေးတစ်ယောက်တော့ ဆရာ၊ ကျွန်တော်ပစ်သတ်လိုက်ပြီဆရာ”

ပဲခူးတိုင်း ၊ညောင်လေးပင်မြို့နယ်အတွင်းက ရေတွင်းကုန်း ၊ ခရုကုန်းနဲ့ကျောင်းကုန်း ကျေးရွာတွေဆီ မတ်လ ၅ ရက်က စစ်ကောင်စီ တပ် စစ်ကြောင်းဝင်ရောက်စီးနင်းရာမှာ အရပ်သား ၄၀ ကျော် သတ်ဖြတ်ခံရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

မတ် – ၁၄ ၊၂၀၂၆

ပဲခူးတိုင်း ၊ညောင်လေးပင်မြို့နယ်အတွင်းက ရေတွင်းကုန်း ၊ ခရုကုန်းနဲ့ကျောင်းကုန်း ကျေးရွာတွေဆီ မတ်လ ၅ ရက်က စစ်ကောင်စီ တပ် စစ်ကြောင်းဝင်ရောက်စီးနင်းရာမှာ အရပ်သား ၄၀ ကျော် သတ်ဖြတ်ခံရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

အဲဒီ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအကြောင်းကို ဒီနေ့ (မတ်လ ၁၄ ရက်)မှာ NUG က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး မျက်မြင်သက်သေသုံးဦးက အဖြစ်အပျက်တွေကို ထွက်ဆိုခဲ့ကြပါတယ်။ မျက်မြင်သက်သေတစ်ဦးဖြစ်သူ ကိုမျိုး (အမည်လွှဲ) က သူရဲ့အဖြစ်အပျက်ကို ပြောပြရာမှာ သူကိုယ်တိုင် စစ်တပ်ရဲ့ ဖမ်းဆီးတာကို ခံရပြီး လက်ပြန်ကြိုးတုပ်ခံရကာမြေပေါ် မှောက်ရက်သား အနေအထားနဲ့ နာရီနဲ့ချီပြီး နေခဲ့ရသလို အဲဒီအချိန်အတွင်း သူ့ရဲ့ မိန်းမနဲ့ သားဖြစ်သူတို့ သတ်ဖြတ်ခံရတယ်လို့ ပြောထားပါတယ်။

အသက် ၁၃ နှစ်အရွယ်သားဖြစ်သူဟာ စစ်တပ်ရဲ့ ပစ်သတ်တာခံရတာလို့ သူက ပြောပါတယ်။မိသားစုဝင် ငါးဦးအနက် သားကြီးဖြစ်သူက ထိုင်းနိုင်ငံမှာရောက်နေပြီး စစ်တပ်ဝင်ရောက်စီးနင်းတဲ့နေမှာတော့ မိန်းမနဲ့ သားငယ်ကို ဆုံးရှုံးလိုက်ရသူပါ။ဒါအပြင် အသက် တစ်နှစ်ခွဲအရွယ်သမီးဖြစ်သူလည်း ဒဏ်ရာရထားတာကြောင့် ဆေးရုံမှာကုသမှု ခံနေရတယ်လို့ ကိုမျိုးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေ့က သူတို့ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်စဉ်အပေါ် ကိုမျိုးပြောပြချက်ကို အခုရုပ်သံမှာ ကြည့်ရှု့နိုင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။