Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့မှာ စစ်တပ် လေကြောင်းဗုံးကြဲလို့ CNA အရာရှိ အပါအဝင် ၃ဦး ကျဆုံး

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

(စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ CNA တပ်ဖွဲ့ဝင် ၃ဦး။ ဓာတ်ပုံ - VOC)

▪️ဖလမ်းတိုက်ပွဲ စစ်ကောင်စီ အင်အားဖြည့်၊ ဖြတ်တောက်တိုက်ခိုက်မယ်လို့ ချင်းတပ်ပြော

မတ်-၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

မတ်လ ၁၃ရက် မနက်က ဖလမ်းမြို့အနီးတနေရာကို စစ်ကောင်စီ ဗုံးကြဲရာမှာ CNA ဗိုလ်ကြီး ဉာဏ်လင်းအောင်၊ ဒုတပ်ကြပ် ရဲမေ မန်ဒိတ်နွမ်နဲ့ ရဲဘော်ရှန်းဗျက်တို့ ကျဆုံးခဲ့ကြောင်း The Voice of Chinlandက ဖော်ပြထားတဲ့ သတင်းအပေါ် ဆလိုင်းထက်နီက အခုလို ပြောပြတာပါ။

Public Service Announcement

Public Service Announcement

“လေယာဉ်ဗုံးကြဲလို့ပါ။ သုံးယောက်ပါ။” လို့ ဆလိုင်းထက်နီက ပြောပါတယ်။

စစ်ကောင်စီဟာ ဖလမ်းမြို့ ပြန်ရဖို့ အင်အားအလုံးအရင်း အသုံးပြု မြေပြင်ထိုးစစ်ဆင်နေသလို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။ ချင်းရေးရာအဖွဲရဲ့ ဖလမ်းမြိုနယ်ရှိ တိုက်ပွဲအခြေအနေများ သုံးသပ်ချက်ကို မတ်လ ၉ရက်က ထုတ်ပြန်ခဲ့ရာမှာ စစ်ကောင်စီထိုးစစ်စတင်ခဲ့တဲ့ ၂၀၂၅ခုနှစ် အောက်တိုဘာကနေ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်အထိ လေးလကျော်ကြာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ၂၀၀ကျော်သေဆုံးကာ ၂၅၀ကျော်ဒဏ်ရာရခဲ့သလို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်က အနည်းဆုံး ရဲဘော် ၄၂ဦး ကျဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

ကျဆုံးရဲဘော်တွေဟာ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA)နဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF) ရဲဘော်တွေ ဖြစ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဒရုန်းဗုံးကြဲမှုတွေဟာ တပ်ဖွဲဝင်များအပေါ် အဓိကထိခိုက်မှုဖြစ်စေတဲ့ အကြောင်းအရင်းများ ဖြစ်ဟု ဖော်ပြထားပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ ချင်းပြည်နယ် ဖလမ်းမြို့ကို အင်အားတွေ ဆက်လက်ဖြည့်တင်းနေတယ်လို့ ဆလိုင်းထက်နီက ပြောပြပြီး စစ်ကောင်စီတပ်ကို ဖြတ်တောက်တိုက်ခိုက်မှုလုပ်ဆောင်သွားမယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီဟာ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှစပြီး စစ်ကိုင်းတိုင်း ကလေးမြို့ကို အခြေပြုကာ ချင်းပြည်နယ်မြောက်ပိုင်းကို ဦးတည်ပြီး အင်းအားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ ကလေး-နတ်ချောင်း-ဂန့်ဂေါ၊ ကလေး-နတ်ချောင်း-ဝေဘူလ၊ ကလေး-ခိုင်ကမ်း-သိုင်းငင်းနဲ့ တီးတိန်-သိုင်းငင်း စတဲ့ လမ်းကြောင်း လေးခုမှာ စစ်ကြောင်း လေးခု အင်အား ၁,၀၀၀နီးပါးအသုံးပြုခဲ့ကြောင်း ချင်းရေးရာအဖွဲ့ ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီ ထိုးစစ်ကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေတယ်လို့လည်းဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။