Connect with us

Hi, what are you looking for?

News

မြန်မာ့တိတ်ဆိတ်ခြင်းသပိတ်ကို ကမ္ဘာ့သတင်းမီဒီယာများဖော်ပြ၊ သပိတ်အောင်မြင်

Silent Strike သတင်းကို Reuters၊ AFP အပါအဝင် ကမ္ဘာ့သတင်းအေဂျင်စီများသာမက တူရကီ၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာနများကလည်း ဖော်ပြခဲ့ကြသည်။

မြန်မာပြည်သူများ၏ တိတ်ဆိတ်ခြင်းသပိတ်(Silent Strike) အကြောင်းကို ကမ္ဘာ့သတင်းမီဒီယာများတွင် ရေးသားဖော်ပြကြပြီး အောင်မြင်မှုရရှိခဲ့ကြောင်းသုံးသပ်ကြသည်။

မြန်မာပြည်သူများသည် စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့်ကျင်သော နောက်ဆုံးကြိုးပမ်းမှုအဖြစ် စီးပွားရေးလုပ်ငန်းများကိုပိတ်ချကာ လမ်းပေါ်မထွက်ခြင်းဖြင့် ဒီဇင်ဘာ ၁၀ ရက်ကို တိတ်ဆိတ်ခြင်းသပိတ်(Silent Strike)အဖြစ် တနိုင်ငံလုံးအတိုင်းအတာ၌ကျင်းပခဲ့ကြောင်း ဂျာမနီသတင်းဌာန dpa-international က ဖော်ပြသည်။

“ကျွန်တော်တို့အားလုံးပူးပေါင်းပါဝင်ကြပြီး ဒါက သူတို့(စစ်တပ်)ကို ဘယ်လောက်မုန်းလဲဆိုတာ ပြသတာပဲ” ဟု လက်ဘက်ရည်ဆိုင်ပိတ်ကာ သပိတ်တွင်ပါဝင်သည့် ရန်ကုန်မြို့နေ အသက် ၂၅ နှစ်အရွယ် ကိုကောင်းဆက်က ပြောသည်။

မြန်မာနိုင်ငံ မြို့အများအပြားရှိ လမ်းများမှာ တိတ်ဆိတ်သွားခဲ့ပြီး အကြီးဆုံးမြို့ ရန်ကုန်တွင်လည်း ယာဉ်အနည်းငယ်ကိုသာ မြင်တွေ့ခဲ့ရသည်။ တနိုင်ငံလုံးလုပ်ဆောင်မှုများကို ဖော်ပြသည့် သတင်းပေးပို့ချက်များအရ ယနေ့သပိတ်သည် အောင်မြင်မှုရှိကြောင်း dpa-international က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အဆိုးဆုံးဖြစ်နေတယ်ဆိုတာကို ကမ္ဘာကြီးကို သတင်း စကားပါးဖို့ လိုအပ်ပါတယ်” ဟု ဆန္ဒပြခေါင်းဆောင် မခင်စန္ဒာက ပြောသည်။

ဆက်လက်ပြီး “တိတ်ဆိတ်ခြင်းက အကျယ်လောင်ဆုံးအသံပါ။ ကျွန်မတို့အခွင့်အရေးတွေ ပြန်ရချင်တယ်။ ကျွန်မတို့ တော်လှန်ရေးအနိုင်ရချင်တယ်။ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် ဝမ်းနည်းမှုကို ကျွန်မတို့ ပြသတာလည်းဖြစ်တယ်”ဟု သူမက ရှင်းပြသည်။

သပိတ်ခေါင်းဆောင်များက တိတ်ဆိတ်ခြင်းသပိတ်ကို နံနက် ၁၀ မှ ညနေ ၄ နာရီအထိ ပြုလုပ် ရန်တောင်းဆိုခဲ့သော်လည်း နံနက် အစောပိုင်းကတည်းက အားလုံးနီးပါး ပိတ်ချကာ တိတ်ဆိတ်နေခဲ့သည်။

သပိတ်ပြီးချိန် ညနေ ၄ နာရီတွင် အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် မြန်မာပြည်သူများက လက်ခုပ်တီးကာ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်းဆက်လက်ပြသခဲ့ကြသည်။

Silent Strike သတင်းကို Reuters၊ AFP အပါအဝင် ကမ္ဘာ့သတင်းအေဂျင်စီများသာမက တူရကီ၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းဌာနများကလည်း ဖော်ပြခဲ့ကြသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံဘက်ကို လူငယ်တွေအများအပြားထွက်ခွာကြတယ်။ အရင်ခေတ် နှစ်ပေါင်းများစွာ ကတော့ “ထိုင်းဘက်သွားရင် အလုပ်ရမယ်” ဆိုတဲ့ အကြောင်းပြချက်ကိုအဓိကကြားရတယ်။တောင်ပေါ်သွားကြတယ်ဆိုတာကို မကြာခဏကြားရနေကျ။ ကိုယ့်ရပ်ရွာ၊ ကိုယ့်နိုင်ငံမှာထက် အလုပ်ပိုရှိလို့၊လုပ်အားခပိုကောင်းလို့၊ မိသားစုကို ပိုကောင်းကောင်း ထောက်ပံ့ချင်လို့ နယ်စပ်ဖြတ်ကြတယ်။

သတင်း

စူပါအယ်လ်နီညိုကြောင့်မြန်မာနိုင်ငံမှာလည်း​ခြောက်လအတွင်း (၂၀၂၆ ဇွန်လက​နေ ၂၀၂၇ ​ဖေ​ဖော်ဝါရီ လအထိ)လူ​ပေါင်း (၁၂၀၀ ​) ဝန်းကျင်​သေဆုံးနိူင်တယ်လို့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေစုပေါင်းရေးသားပြုစုထားတဲ့ Climate Impact Lab ကခန့်မှန်းတွက်ချက်ထားပါတယ်။

ဆောင်းပါး

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ

ဆောင်းပါး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁နဲ့ ၂၀၂၂ ခုနှစ် သီတင်းကျွတ်ကာလတွေမှာ ပြည်သူတွေ အပျော်ခရီးသွားကြလာကြတာ နည်းပါးခဲ့ပေမယ့် ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ် သီတင်းကျွတ်ကာလတွေမှာတော့ ပုံမှန်ကာလလိုပဲ အပျော်ခရီးသွားတာတွေ ပြန်လည်များပြားလာခဲ့ပါတယ်။ ဒီနှစ် ၂၀၂၆ ခုနှစ် သီတင်းကျွတ်ကာလမှာလည်း အပျော်ခရီးသွားကြမယ့်သူတွေ စီစဥ်နေကြပြီလို့ သိရတယ်။...

Facebook