Connect with us

Hi, what are you looking for?

သတင်း

ကပစ-၁၅ အနီး ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ အောင်လံမြို့နယ်က အမှတ်-၁၅ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၅)အနီး ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

မတ်-၁၇၊ ၂၀၂၆။ မိုမို/People’s Spring

မကွေးတိုင်း၊ အောင်လံမြို့နယ်က အမှတ်-၁၅ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၅)အနီး ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီကနေ့(မတ်လ ၁၇ ရက်) မနက်ပိုင်းက ရွာမထုံးကျေးရွာမှာ စစ်တပ် အထိုင်ချထားတဲ့ ဟောက်ဝှစ်ဇာလက်နက်ကြီးနဲ့ အင်းတော်သာရွာထဲကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“အင်းတောသာကျေးရွာကို စစ်တပ်က ညနေပိုင်းထိ လက်နက်ကြီးဖြင့် တနေကုန် ပစ်ခတ်နေပြီး ရွာလယ်ပိုင်းကို ကျလို့ မီးလောင်နေပါတယ်”လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံတွေအနေနဲ့ မီးမငြှိမ်းသတ်နိုင်ဘဲ ဘေးလွတ်ရာကို တိမ်းရှောင်နေရတာကြောင့် အိမ်ခြေ(၅၀)ဝန်းကျင်ခန့် မီးလောင်ဆုံးရှုံးထားရတယ်လို့ အသိပေးပါတယ်။

အခုလ ၁၅ ရက်မှာ စစ်တပ်က ဟောင်ဝှစ်ဇာလက်နက်ကြီး အထိုင်ချထားတဲ့ ရွာမထုံးကျေးရွာဟာ ကပစ ၁၅ ရဲ့ အနီးဆုံးမှာရှိတာဖြစ်ပါတယ်။

“အခု လက်နက်ကြီးနဲ့ပစ်တာက ကပစနဲ့က ၁၀မိုင်လောက်ဝေးပါတယ်။ အဓိကတော့ ကပစ ၁၅ ကို မကပ်နိုင်အောင်နဲ့ တော်လှန်ရေးအဖွဲ့တွေ နဲ့ ရပ်ရွာ ဒေသခံတွေကြား မဆက်သွယ်နိုင်အောင်ပဲ”လို့ အောင်လံမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မတ်လ ဆန်းပိုင်းကတည်းက ကပစ-၁၅ အနီးက ရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံ ၅,၀၀၀ နီးပါး ဘေးလွတ်ရာကိုရှောင်တိမ်းနေရတယ်လို့လည်း သိရပါတယ်။

အောင်လံမြို့နယ်တောင်ဘက်ခြမ်းက ကဇွန်းအင်း၊ချင်းကုန်းကြီး၊အင်းရွာကြီး၊အင်းတောသာ၊ဆင်းတုတ် အစရှိတဲ့ရွာတွေက ဒေသခံတွေ တိမ်ရှောင်နေရတာ ဖြစ်ပါတယ်။

အခုလ ၁ ရက်နေ့က အောင်လံ မြို့နယ်အခြေစိုက် တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ပစ်တာကြောင့် တဇန်ရွာက အရပ်သားငါးဦးထက်မနည်း သေဆုံးခဲ့တာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး