Connect with us

Hi, what are you looking for?

သတင်း

ကနီမှာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကိုစစ်တပ်ကဂျက်ဖိုက်တာ ၇ စီးနဲ့ ဗုံးကြဲ

စစ်ကိုင်းတိုင်းကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းကို ဒီနေ့ နေ့လည်ပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေသေဆုံးထိခိုက်မှု​တွေရှိ​နေပါတယ်။

မတ်-၂၁၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်းကနီမြို့၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်း နဲ့ စာသင်ကျောင်းကို ဒီနေ့ နေ့လည်ပိုင်းမှာစစ်တပ်ကဂျက်ဖိုက်တာ၇စီးနဲ့ ဗုံးကြဲလို့ သံဃာတော်တွေနဲ့ အရပ်သားတွေသေဆုံးထိခိုက်မှု​တွေရှိ​နေပါတယ်။

ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းက ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို နေပြည်တော်၊ မကွေး၊ မိတ္ထိလာလေတပ်‌တွေကနေ တက်လာတဲ့ဂျက်ဖိုက်တာတွေနဲရှေ့ဆင့်နောက်ဆင့် ပစ်ခတ်တာလို့ ဒေသခံတွေကပြောပါတယ်။

“ဘုန်းကြီးတွေဆွမ်းစားပြီးချိန်မှာပစ်သွားတာ။ ထိတာတွေများတယ်။ ပိတ်မိနေတာတွေလည်းရှိတယ်။ ဒရုန်းတွေပါ ဆက်ဝဲနေတယ်”လို့ ဒေသခံကပြောပါတယ်။ စာသင်ကျောင်းကိုတော့ပိတ်ထားတဲ့အတွက်အရပ်သားထိခိုက်မှုမရှိခဲ့ဘူးလို့​ဒေသခံအချို့ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၂၁ ရက်ဗုံးကြဲတိုက်ခိုက်မှု​တွေ​ကြောင့်ထိခိုက်မှု အသေးစိတ်အခြေအနေကိုလတ်တလောမှာမသိရှိရသေးပါဘူး။

စစ်တပ်ကမတ်လ ၂၀ရက်ကလည်းကသာမြို့ ရပ်ကွက်(၃)ထဲကစစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။

အဲဒီဖြစ်စဉ်မှာလည်း သံဃာတော်နဲ့အရပ်သား ၅၀ ဦးထက်မနည်းသေဆုံးနိုင်တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

စစ်တပ်က မတ်လ ၁၅ရက်ကနေ ဒီနေ့ မတ်လ ၂၁ရက် မွန်းလွဲပိုပိုင်းအချိန်အထိ စစ်ကိုင်းတိုင်းထဲက ကျွန်းလှ၊ ကသာ၊ ကနီမြို့တွေကို လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားအစုလိုက်အ ပြုံလိုက်သေဆုံးမှုတွေရှိနေပါတယ်။

နေပြည်တော်မှာ စစ်တပ်ကလွှတ်တော်ခေါ်ယူနေစဉ်မှာပဲ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး နေ့စဉ် ဗုံးကြဲနေတဲ့အတွက် လေကြောင်းရန်ကိုပိုမိုသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီနဲ့ မင်းကင်းမြို့နယ်အစပ်မှာ စစ်တပ် ရေယာဥ်တွေ ထပ်မံတိုက်ခိုက်ခံရပြီး အထက်ကို ဆက်လက် ဆန်တက်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။