Connect with us

Hi, what are you looking for?

သတင်း

ကနီမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံ ၂ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။

(မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာတစ်စီးကို တွေ့ရစဥ်။ ဓာတ်ပုံ - Screen-grab)

အောက်တိုဘာ-၂၂၊ ၂၀၂၆။ အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ဒီနေ့ အောက်တိုဘာ၂၂ရက် နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေသခံနှစ်ဦး သေဆုံးခဲ့ပါတယ်။

ကနီမြို့နယ်၊ နွားခြံကုန်းရွာနဲ့ နတ်လာပို့ရွာကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတာလို့ ဒေသခံတွေက ပြောပါတယ်။ နွားခြံကုန်းရွာက လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦး၊ နတ်လာပို့ရွာက အမျိုးသားတစ်ဦးသေဆုံးတာလို့ သိရပါတယ်။

ယင်းမာပင်ခရိုင်ထဲက ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်တွေမှာ စစ်တပ် စစ်ကြောင်းတွေရှိနေပြီး မကြာခဏ ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် လေကြောင်းအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ်နဲ့ဆက်စပ်နေတဲ့ ဘုတလင်မြို့နယ်မှာလည်း အောက်တိုဘာ ၂၀ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အမျိုးသမီးခြောက်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က အခုရက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေကို လေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေ များပြားနေပါတယ်။ အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ်ခြင်းက အကြမ်းဖက်စစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က ‌အောက်တိုဘာ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ သပိတ်အင်အားစုဝင်တွေက ဒေသခံတော်လှန်ပြည်သူတွေနဲ့ ပူးပေါင်းပြီးသံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် ထောက်ခံတဲ့လှုပ်ရှားမှုကို ဒီကနေ့ (အောက်တို့ဘာ ၂၂) မှာ ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၂ရက် နေ့လယ်က စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အရပ်သား ၄ဦး ဒဏ်ရာရရှိသွားပါတယ်။