Connect with us

Hi, what are you looking for?

News

အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူချိန်တွင် မြန်မာစစ်ကောင်စီကို မျက်နှာသာမပေးရန် ကမ္ဘောဒီးယားကို အမေရိကန်တိုက်တွန်း

ဖနွမ်းပင်သို့ရောက်ရှိစဉ် အထက်ပါ အမေရိကန်နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ်က မြန်မာစစ်ကောင်စီအရာရှိများကို လာမည့်အာဆီယံထိပ်သီးညီလာခံတွင် ဆက်လက် ချန်လှပ်ရန် ကမ္ဘောဒီးယားကို တောင်းဆိုခဲ့သည်။

(အ​မေရိကန်နိုင်ငံခြား​ရေးအကြံ​ပေးပုဂ္ဂိုလ်နှင့် က​မ္ဘောဒီးယားနိုင်ငံတာဝန်ရှိသူများ ​တွေ့ဆုံ​နေစဥ်)

လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဌတာဝန်ထမ်းဆောင်ချိန်၌ မြန်မာစစ်ကောင်စီကို မည်သည့်လိုက်လျောမှုမျှ မလုပ်ဆောင်ရန် ကမ္ဘောဒီးယားကို အမေရိကန်နိုင်ငံခြားရေးအကြီးတန်းအရာရှိက တောင်းဆိုလိုက်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မြန်မာအရာရှိများကို အာဆီယံအစည်းအဝေးများသို့ ပြန်လည်ဖိတ်ကြားသင့်ကြောင်းပြောကြားအပြီးတွင် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet က မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ဖနွမ်းပင်သို့ရောက်ရှိစဉ် အထက်ပါ အမေရိကန်နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ်က မြန်မာစစ်ကောင်စီအရာရှိများကို လာမည့်အာဆီယံထိပ်သီးညီလာခံတွင် ဆက်လက် ချန်လှပ်ရန် ကမ္ဘောဒီးယားကို တောင်းဆိုခဲ့သည်။

ပြီးခဲ့သည့်အာဆီယံထိပ်သီးညီလာခံနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပေးရန် အာဆီယံက ဆုံးဖြတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

သို့ရာတွင် အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရန်နှင့် မြှင့်တင်ရန် လာမည့်နှစ် အလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားကို Derek Chollet ကတိုက်တွန်းခဲ့သည်။

ကမ္ဘောဒီးယားသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်ကို ဖနွမ်းပင်သို့ဖိတ်ကြားခဲ့ပြီး လာမည့်နှစ်အစောပိုင်းတွင် ဝန်ကြီးချုပ်ဟွန်ဆန်သည်လည်း နေပြည်တော်သို့လာရောက်မည်ဟု သတင်းများထွက်ပေါ်နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။