မတ်-၂၆၊၂၀၂၆။မေရီ/People’s Spring
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။
ဒီကနေ့ မတ်လ ၂၆ ရက် နေ့လယ်ပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်အနီး၊ ၈၆ လမ်း၊ ၃၆ လမ်းထောင့်၊ ရှမ်းဝိုင်းရပ်ကွက်မှာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲဒီမီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပြင် လူငယ်တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လူမှုရေးအသင်းတွေက အသိပေးပါတယ်။

Public Service Announcement
“ဆုံးသွားတာ လူငယ်လေးပဲရှိသေးတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မီးလောင်ကျွမ်းတဲ့ နေအိမ်ဟာ စက်သုံးဆီအရောင်းဆိုင်အိမ်လို့ ပြောဆိုနေကြပေမဲ့ အတည်ပြုလို့ မရသေးပါဘူး။
ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူတို့အား လူမှုကူညီရေးအသင်းတွေက မန္တလေးဆေးရုံကိုပို့ဆောင်ထားပါတယ်။ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေကိုမူ မီးသတ်က ဆက်လက်စစ်ဆေးနေပါတယ်။



















































