Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့လယ်ကမီး လူငယ်တစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

​မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

မီးလောင်ကျွမ်းသည့်နေအိမ်အား မီးငြှိမ်းသတ်နေစဥ် ဓာတ်ပုံ-မီးသတ်

​မတ်-၂၆၊၂၀၂၆။မေရီ/People’s Spring

​မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူငယ်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ မတ်လ ၂၆ ရက် နေ့လယ်ပိုင်းက မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်အနီး၊ ၈၆ လမ်း၊ ၃၆ လမ်းထောင့်၊ ရှမ်းဝိုင်းရပ်ကွက်မှာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီမီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပြင် လူငယ်တစ်ဦးသေဆုံးကာ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ လူမှုရေးအသင်းတွေက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဆုံးသွားတာ လူငယ်လေးပဲရှိသေးတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မီးလောင်ကျွမ်းတဲ့ နေအိမ်ဟာ စက်သုံးဆီအရောင်းဆိုင်အိမ်လို့ ပြောဆိုနေကြပေမဲ့ အတည်ပြုလို့ မရသေးပါဘူး။

​ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူတို့အား လူမှုကူညီရေးအသင်းတွေက မန္တလေးဆေးရုံကိုပို့ဆောင်ထားပါတယ်။ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေကိုမူ မီးသတ်က ဆက်လက်စစ်ဆေးနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးသူ အရေအတွက်ဟာ ၃၂ ဦးထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ရဲတွေက အဓိက ရှုထောင့်နှစ်ခုကို အာရုံစိုက် စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ ဒီနေ့ (ဧပြီ၁၀)ညနေက YBS ယာဉ်တစ်စီးမီးလောင်မှုဖြစ်ခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်း၊အိမ်မဲမြို့မှာဆိုင်ကယ်အပိုပစ္စည်း‌ဆိုင် မီးလောင်မှုဖြစ်ပြီးနှစ်ထပ်တိုက် ၂လုံးမီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။