ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖြစ်သည့် USD Tether(USDT) ကို ပြည်တွင်းသုံးစွဲရန် တရားဝင်ငွေကြေးအဖြစ်သတ်မှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)က ယနေ့ထုတ်ပြန်လိုက်သည်။
ကုန်သွယ်မှု၊ဝန်ဆောင်မူ လုပ်ငန်းများနှင့် ငွေပေးချေသည့် စနစ်များ မိုပိုကောင်းမွန်ရေးနှင့် လွယ်ကူလျှင်မြန်စေရန်အတွက် ယခုကဲ့သို့ဒစ်ဂျစ်တယ်ငွေကြေးစနစ် (crypto currency) တခုကို ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။

“ USDT ဆိုတာ digital currency (ဒစ်ဂျစ်တယ်ငွေကြေး) ပါ။ အမေရိကန်ဒေါ်လာနဲ့ သုံးတာပါ။ Kpay တို့ Waveတိုလိုဘဲ၊ သုံးရတာ။ ဘယ်သူမှ သူတို့ကို ထိန်းချုပ်လို့မရဘူး။ အစိုးရကလည်း အကောင့်တွေပိတ်လို့မရဘူး”ဟုဒစ်ဂျစ်တယ်ငွေကြေး သုံးစွဲနေသူတစ်ဦးကပြောသည်။
အဆိုပါဒစ်ဂျစ်တယ်ငွေကြေးကိုအသုံးပြုရန်အတွက် USDTအကောင့်တစ်ခုဖွင့်ရန်လိုအပ်ပြီး ထိုအကောင့်ထဲကို ငွေဖြည့်၍ အသုံးပြုရခြင်းဖြစ်သည်။ မြန်မာကျပ်ငွေဖြင့် ဖြည့်နိုင်သလို၊ အကောင့်အချင်းချင်းလည်းဖြည့်နိုင်သည်ဟု ၎င်းကဆက်ပြောသည်။

Public Service Announcement
အဆိုပါ ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်ရန် NUGက ကြေညာလိုက်ခြင်းကြောင့် ငွေကြေး လိမ်ညာမူများရှိလာနိုင်၍ သတိထားကြရန်လည်း ဒစ်ဂျစ်တယ်ငွေကြေးစနစ် (Crypto Currency)ကျွမ်းကျင်သူများကပြောသည်။ နားလည်တတ်ကျွမ်းမှသာ အသုံးပြုကြရန် သတိပေးသည်။
USD-Tetherသည် ဒစ်ဂျစ်ငွေကြေးစနစ်တွင် နာမည်ကျော်ကြားမူအဆင့်သုံးနေရာတွင်ရှိပြီး ဈေးကွက်သည် ဒေါ်လာ ၅၇ ဘီလီယံရှိသည်။
USD Tether သည် Tether ကုမ္ပဏီက ထုတ်ပေးသောတိုကင်များဖြင့် Ethereum blockchain တွင်လက်ခံထားသော cryptocurrency ဖြစ်သည်။ Tether က ထုတ်ပေးထားသော USD-Tetherတိုကင် တစ်ခုခြင်းသည် အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှသည်ဟု ပုံသေသတ်မှတ်ထားသည်။ ထိုကြောင့် USD- Tether ကို Stablecoin ဟုခေါ်သည်။


















































