Sarah
နေ့အိပ်မက်တွေက ခြောက်သွေ့ပြီး ညအိပ်မက်တွေဟာ ရှည်လျားလွန်းတယ်
ခနခနမက်တဲ့ အဖြစ်အပျက်တွေ
လန့်နိုးတဲ့အခါ မျက်ရည်တွေ
ဝေဝါးတဲ့မြင်ကွင်းထဲက နောက်လှည့်ထွက်ခဲ့မိတယ်
တရက်နှစ်ရက်မက ရက်ပေါင်းများစွာလိုလို
ပြတင်းပေါက်ကမြင်ရတဲ့ အလင်းရောင်တွေငေးမျှော်ကြည့်ရင်း
အတွေးတွေပြန့်ကြဲနေလိုက်တာ
ခြေသံပေါင်းများစွာ ဒီအခန်းထဲဝင်ရောက်ဖူးတယ်
ရယ်သံတွေ သီချင်းသံတွေ မျက်ရည်တွေနဲ့ ထွေးပွေ့ထားခဲ့ဖူးကြတယ်
အဆင်မသင့်တဲ့အခါ အသဲကွဲရတာပဲ

Public Service Announcement
ခြောက်သွေ့လွန်းတဲ့နှုတ်ခမ်းတွေအတွက် ဖြေဆေးမရှိဘူး
ဘာကိုလိုချင်ပြီး ဘာကိုရယူချင်မှန်းမသိအောင်
ဘာမှ မဖြစ်ချင်တော့တာ
ဒါဟာ အနက်ရောင်ချောက်ကမ်းပါးများလား
အတောင်ချိုးခံထားရတဲ့ ငှက်တွေလို
ကိုယ့်အသိုက်ကိုယ်ပြန်ဖို့ပဲ တောင့်တမိတယ်
ဆန္ဒရဲ့ ဆန့်ကျင်ဘက်အရပ်ဟာ စိတ်ကို နာကျင်စေတယ်
သက်ဆိုးရှည်ဖို့ ရှင်ကျန်ရစ်ခဲ့တဲ့ ဘဝတွေ
ဘယ်လိုဖြစ်ဖြစ် ရှေ့ဆက်ကြ
ဒီမျိုးစေ့ရဲ့ အချိုးအကွေ့မှာ
မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်
ဆန္ဒတွေရှိသလောက်ဆို ဟေ့ လူကြီး
ခင်ဗျားနဲ့တွေ့ချင်သေးတယ်
အခုမဟုတ်လဲ နောက်များမှပေါ့…
(The Call -ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘Sarah’
ရေးဖွဲ့တဲ့ “အလွမ်း” ကဗျာကို People’s Spring ကပြန်လည်ဖော်ပြပေးတာဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်ရေးအတွက်အထောက်အကူပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်


















































