Connect with us

Hi, what are you looking for?

သတင်း

မြဝတီ​တောင်ဘက် DKBA ပိုင် ကျားဖြန့်ရုံထဲ

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် တောင်ကြားထဲမှာရှိတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ပိုင်ဆိုင်တဲ့ကျားဖြန့် အဆောက်အဦးထဲ စစ်တပ်ရဲ့ ဒရုန်းကျမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

ကျားဖြန့်ရုံအတွင်းကျ​ရောက်​ပေါက်ကွဲခဲ့တဲ့ ဒရုန်းအပိုင်းအစ​တွေနဲ့ ​သေဆုံးဒဏ်ရာရသူ​တွေရဲ့​သွေးကွက်အချို့။ဓါတ်ပုံ-​ခေတ်သစ်

စစ်တပ်ဒရုန်းဗုံးကျ ၊တရုတ်နိုင်ငံသား ၃ ဦးသေဆုံး ၊ ၁၀ ဦးကျော်ဒဏ်ရာရ

မတ်-၂၈၊၂၀၂၆။​ကြယ်စင်လင်း/People’s Spring

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် တောင်ကြားထဲမှာရှိတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)ပိုင်ဆိုင်တဲ့ကျားဖြန့် အဆောက်အဦးထဲ စစ်တပ်ရဲ့ ဒရုန်းကျမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက​ပြောပါတယ်။

မတ်လ၂၆ရက်ညပိုင်းမှာစစ်တပ် ​နဲ့ဆက်ဆံ​ရေး​ကောင်းတဲ့ DKBA ထိန်းချုပ်ထားတဲ့ သုံးထပ်ကွေ့ အနောက်ဘက် တောင်ကြားထဲမှာ​ဆောက်လုပ်ထားတဲ့ ကျားဖြန့်ခြံဝင်းထဲကို စစ်တပ်က ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

” သုံးထပ်ကွေ့နားမှာ DKBA ဂိတ်ရှိတယ်။ အဲ့ဂိတ်အနောက်ဘက် တောင်ကြားထဲမှာလုပ်ထားတဲ့ ကျားဖြန့်ဝင်းထဲကို ကျတာ။ တရုတ်တွေနေတဲ့ အဆောင်ပေါ်ကျတာ ၃ ယောက်သေတယ်။ ၁၀ဦးကျော်ဒဏ်ရာရတယ် “လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်မှာလည်း စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးသုံးလုံးဟာ ဖလူးလေးကျေးရွာအပြင် DKBA ထိန်းချုပ်ထားတဲ့ ကျွန်းတောရှေ့ကကျားဖြန့်ခြံဝင်းထဲကိုကျရောက်ပေါက်ကွဲခဲ့ပါ​သေးတယ်။

မတ် ၁၃ရက် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် တရုတ်နိုင်ငံသား ၃ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဖလူး နဲ့ မင်းလက်ပံ လမ်းပိုင်းမှာ DKBA ပိုင်ဆိုင်တဲ့ ကျားဖြန့်လုပ်ငန်းတွေ ၃ ခုထက်မနည်းရှိပြီး အဲ့ဒီလုပ်ငန်းတွေဟာကျေးရွာအတွင်းနဲ့ လမ်းပိုင်းဘေးတွေမှာတည်ဆောက်ထားကြတာပါ။

အခုထပ်မံဒရုန်းကျရောက်ပေါက်ကွဲခဲ့တဲ့ သုံးထပ်ကွေ့ အနောက်ဘက် တောင်ကြားထဲမှာ ပြုလုပ်ထားတဲ့ ကျားဖြန့်ခြံဝင်းဟာ လူအရောက်ပေါက်နည်းတဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်တပ်ပစ်ခတ်လိုက်တဲ့ ဒရုန်းနဲ့ လက်နက်ကြီးတွေဟာ ကျားဖြန့်ခြံဝင်းထဲကျရောက်ပြီး လူထိခိုက်သေဆုံးမှုတွေရှိနေပေမယ့်လည်း ဒီဖြစ်စဥ်တွေနဲ့ပတ်သက်ပြီး DKBA ဘက်ကတော့ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

ဒါအပြင် မြ၀တီမြို့နယ်၊မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ ဖေဖော်ဝါရီ ၂၄ ရက်က စစ်တပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သား နှစ်ဦး သေဆုံးခဲ့ပါတယ်။

မြဝတီမြို့ကို စျေးသွားဝယ်တဲ့ လမ်းတနေရာ စစ်မြေပြင်မှာ ဖြစ်ခဲ့တာဖြစ်ပြီး DKBA ရဲဘော်သုံးဦးနဲ့ အရပ်သားနှစ်ဦးတို့ သေဆုံးခဲ့တယ်လို့ DKBA အမှတ် ၁ ကွပ်ကဲရေး နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောတရီးထူးက လူထုနွေဦးကို ပြောပါတယ်။

DKBA အရာရှိတစ်ဦးနဲ့ အရပ်သား ၅ ဦးတို့လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ဒီဖြစ်စဥ်အပေါ် တုံ့ပြန်ဖို့ မရှိကြောင်းနဲ့ စစ်မြေပြင်မှာ ဒီလိုမျိုးက ဖြစ်တတ်ကြောင်း ဗိုလ်မှူးကြီး စောတရီးထူးက က ဆိုပါတယ်။

DKBA ဟာ ဦးသိန်းစိန်အစိုးရလက်ထက်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးခဲ့တဲ့အဖွဲ့ဖြစ်ပြီး နေပြည်တော်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့လည်း တွေ့ဆုံဆွေးနွေးမှု​တွေပုံမှန်လုပ်​နေတျအဖွဲ့ဖြစ်ပါတယ်။ဒါအပြင် စစ်တပ်ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

ကျားဖြန့်ရုံအတွင်းကျ​ရောက်​ပေါက်ကွဲခဲ့တဲ့ ဒရုန်းအပိုင်းအစ​တွေနဲ့ ​သေဆုံးဒဏ်ရာရသူ​တွေရဲ့​သွေးကွက်အချို့။ဓါတ်ပုံ-​ခေတ်သစ်

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်က အာရှလမ်းပိုင်းတိုက်ပွဲနဲ့ ကော့ကရိတ်မြို့တိုက်ပွဲတွေမှာ ဦးဆောင်ကွပ်ကဲခဲ့ပြီး တောင်ပိုင်းတိုင်းအမှတ်(၃၁)ဗျူဟာမှူးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ဟာ အင်အား ၃၅၀ခန့်နဲ့အတူ စစ်တပ်နဲ့ အပစ်ရပ်ထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)နဲ့ ပြန်ပူးပေါင်းသွားပါတယ်။

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို