Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သဘောတူညီမှု မရဘူးဆိုရင် အီရန်ကို တစ်ညအတွင်း ဖြိုခွင်းပစ်မယ်လို့ ထရမ့် ခြိမ်းခြောက်

ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ သဘောမတူဘူးဆိုရင် အီရန်ကို တစ်ညအတွင်း ဖြိုခွင်းပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

ဓာတ်ပုံ - Getty

ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ သဘောမတူဘူးဆိုရင် အီရန်ကို တစ်ညအတွင်း ဖြိုခွင်းပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

အီရန်က လက်ရှိ ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ဧပြီ ၇ ရက်နေ့ည၊ ဝါရှင်တန်ဒီစီ စံတော်ချိန် ၈း၀၀ နာရီမှာ ပြန်ဖွင့်ပေးဖို့ ရာဇသံ ပေးထားပါတယ်။ အဲဒီ နောက်ဆုံးရက် သတ်မှတ်ကာလ ကျော်လွန်သွားတဲ့ထိ အီရန်က အမေရိကန် ဟောမုဇ်ကို ပြန်ဖွင့်ပေးတာမျိုး၊ ဒါမှမဟုတ် လက်သင့်ခံနိုင်လောက်တဲ့ သဘောတူညီမှု တစ်ခုခုအတွက် လိုက်လျောတာမျိုး မရှိဘူး ဆိုရင်တော့ အီရန်ဟာ ကျောက်ခေတ် ပြန်ရောက်သွားတဲ့ထိ အခြေခံ အဆောက်အအုံတွေ ဖျက်ဆီးပစ်တာ ခံရမယ်လို့ ထရမ့်က သတိပေးခဲ့ပါတယ်။

အီရန်တစ်နိုင်ငံလုံးကို တစ်ညအတွင်းမှာတင် ဖြိုခွင်းပစ်လို့ရကြောင်း၊ အဲဒီညဟာလည်း မနက်ဖြန်ည ဖြစ်နိုင်ကြောင်း ထရမ့်က ဧပြီ ၆ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ တကယ်လို့ သတ်မှတ်ထားတဲ့ရက် ကျော်သွားတဲ့ထိ တောင်းဆိုချက်တွေကို အီရန်က မလိုက်လျောဘူးဆိုရင် အီရန်ကို ကျောက်ခေတ်ဆီ ပြန်ရောက်သွားစေမယ်လို့ ထရမ့်က ပြောပါတယ်။ အီရန်မှာ တံတားတွေ၊ ဓာတ်အားပေး စက်ရုံတွေ လုံးဝ မကျန်တော့ထိ ဖြစ်သွားလိမ့်မယ်လို့ သူက ဆိုပါတယ်။

အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ ထရမ့်က သူဟာ အီရန်ရဲ့ ကြောင်းကျိုးဆီလျော်မှုရှိတဲ့ ခေါင်းဆောင်တချို့ဟာ အမေရိကန်နဲ့ ဆွေးနွေးမှုတွေကို ယုံယုံကြည်ကြည် ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရလဒ်က ဘာမှ တိတိကျကျ မရှိသေးဘူးလို့ သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အီရန်က အမေရိကန်နဲ့ ယာယီအပစ်ရပ်ရေး ဖြစ်နိုင်ခြေ မှန်သမျှကို ပယ်ချထားပြီး စစ်ရေးပဋိပက္ခ တစ်ခုလုံးကို အပြီးတိုင် အဆုံးသတ်စေဖို့၊ အမေရိကန်ရဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုထားပါတယ်။

အစောပိုင်းတုန်းက အမေရိကန်ရဲ့ တောင်းဆိုချက်တွေကို အီရန်က ဆက်တိုက် ငြင်းဆိုထားခဲ့ပေမယ့် ထရမ့်ကတော့ အီရန်မှာ ခေါင်းဆောင် အများအပြား သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်း အမေရိကန်ကို ဖီဆန်ဖို့ ခက်ခဲလိမ့်မယ်လို့ သူယုံကြည်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အဖြေကိုတော့ မကြာခင် သိရမယ်လို့ သူက ပြောပါတယ်။

ဒေသတွင်း အာရပ် သံတမန်ရေး သတင်းရင်းမြစ်တွေကတော့ အပစ်မရပ်သေးဘဲနဲ့တော့ အဓိပ္ပါယ်ပြည့်ဝတဲ့ တိုးတက်မှုတွေ ရရှိလာအောင် ဆွေးနွေးဖို့ ခက်ခဲလိမ့်မယ်လို့ မှတ်ချက်ပေးထားကြပါတယ်။

ဧပြီ ၆ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲကို ထရမ့်က အမေရိကန်ရဲ့ ပူးပေါင်းစစ်ဆင်ရေး စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ဒန်ကိန်း၊ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်တို့နဲ့အတူ ပြုလုပ်ခဲ့ပါတယ်။ အီရန်က ပစ်ချခဲ့တဲ့ F-15 တိုက်လေယာဉ်မှူး နှစ်ဦးကို ရန်သူ့ပိုင်နက်ထဲကနေ အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ခဲ့တဲ့ အမေရိကန် စစ်တပ်ရဲ့ စွမ်းဆောင်ရည်ဟာ ရဲရင့်ပြောင်မြောက်လွန်းတယ်လို့လည်း ထရမ့်က ချီးကျူးသွားခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေအပြီး အီရန်မှာ ဆက်သွယ်ရေးကွန်ရက်တွေ ပျက်စီးကုန်ခြင်းကလည်း ဆွေးနွေးမှုတွေကို ပိုမို ရှုပ်ထွေးသွားစေနိုင်ကြောင်း ထောက်ပြမှုတွေ ရှိနေပါတယ်။

လောလောဆယ်မှာတော့ ပါကစ္စတန်၊ တူရကီနဲ့ အီဂျစ်နိုင်ငံတွေဟာ လက်ရှိ စစ်ပွဲကို ရပ်စဲပစ်နိုင်ရေး ကြားဝင် စေ့စပ်ပေးဖို့ အထူးတလည် အားထုတ် ကြိုးစားပေးနေကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဉာဏ်ရည်တု နည်းပညာ (AI)နဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ကြီးလာအောင် အင်မတန် အဆိုးမြင်တဲ့ အစုအဖွဲ့တွေက ပုံကြီးချဲ့ သတင်းလွှင့်နေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

သတင်း

ကြားကာလ ရွေးကောက်ပွဲမှာ အာဏာရ ရီပတ်ဘလစ်ကန်ပါတီ ဆက်လက် အနိုင်ရပြီး လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် အမေရိကန် နိုင်ငံသားတွေကို ဒေါ်လာ ၅၀၀၀ စီ ပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။