Connect with us

Hi, what are you looking for?

သတင်း

နေပြည်​တော် ၊မိတ္ထီလာနဲ့ ​ဒေသအချို့မှာမိုးသက်​လေပြင်းကျ ​သင်္ကြန်မဏ္ဍပ်နဲ့အ​ဆောက်အအုံအချိ့ပျက်စီး

နေပြည်တော် နဲ့ မိတ္တိလာမြို့အပါအဝင်မန္တလေးတိုင်းအတွင်းရှိ ​ဒေသအချို့မှာ ဒီနေ့ညနေပိုင်းလေပြင်း ရုတ်တရက်တိုက်ခတ်ပြီးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

​နေပြည်​တော်ရှိ ရေကစား မဏ္ဍပ်အချို့မိုးသက်​လေပြင်း​ကြောင့်ပျက်စီး​နေစဥ် နဲ့ မိတ္ထီလာမြို့ကအပျက်အစီး​များ ။ဓါတ်ပုံ-​ဒေသခံ

ဧပြီ-၇၊၂၀၂၆။ဇော်ရမ်း/People’s Spring

နေပြည်တော် နဲ့ မိတ္တိလာမြို့အပါအဝင်မန္တလေးတိုင်းအတွင်းရှိ ​ဒေသအချို့မှာ ဒီနေ့ညနေပိုင်းလေပြင်း ရုတ်တရက်တိုက်ခတ်ပြီးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

​နေပြည်​တော်ရှိ ရေကစား မဏ္ဍပ်အချို့မိုးသက်​လေပြင်း​ကြောင့်ပျက်စီး​နေစဥ် နဲ့ မိတ္ထီလာမြို့ကအပျက်အစီး​များ ။ဓါတ်ပုံ-​ဒေသခံ

ဧပြီ ၇ ရက်ညနေ ၄နာရီခန့်ကစပြီးလေပြင်းတိုက်ခတ်တာပါ။လေပြင်းကြောင့်နေအိမ်အဆောက်အအုံအချို့ အမိုးလန်ပျက်စီးတာတွေ၊သစ်ပင်၊ဓာတ်တိုင်နဲ့ ဆိုင်းဘုတ်တွေ လဲကျတာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။​ဒေသအချို့မှာ​တော့ မိုးပါရွာသွန်းပြီး မိုးသက်​လေပြင်းတိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

​​နေပြည်​တော်မှာ မိုးသက်​လေပြင်းတိုက်ခတ်မှု​ကြောင့် စစ်​ကောင်စီ​ဆောက်လုပ်​နေတဲ့ မြို့​တော်ဝန်မဏ္ဍပ်အပါအဝင် သင်္ကြန်​ရေကစားမဏ္ဍပ်အချို့ပျက်စီးခဲ့တယ်လို့​ဒေသခံ​အချို့က​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

မိတ္ထီလာမြို့မှာ ညနေ ၃ နာရီဝန်းကျင်မှာမိုးသက်​​လေပြင်းတိုက်ခတ်ခဲ့တာ​ကြောင့် မြို့ပေါ်ရှိ သစ်ပင်တစ်ပင်လုံး အမြစ်မှကျွတ်ထွက်ကာ လဲကျခဲ့ပြီး လမ်းဘေးရပ်ထားတဲ့ Hijet မော်တော်ယာဉ်တစ်စီးပေါ်သို့ ပိမိခဲ့ပါတယ်။ ကားမှာ ပျက်စီးသွားခဲ့ပြီး အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

“လေကြမ်းမိုးကြမ်း မိုးသီးတွေပါ ကျတယ်။ အိမ်တွေလည်း အမိုးတွေလန်တယ်။ လေရော မိုးရော မိုးသီးရော ကြောက်စရာကောင်းတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အလားတူ ဝန်ဇင်းရပ်ကွက်၊ ပန်းသပြေလမ်းမှာလည်း ကုက္ကိုပင်လဲကျကာ နေအိမ်တစ်လုံးပေါ်ပိမိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။ ဒါ့အပြင် လျှပ်စစ်ဓာတ်တိုင်တွေလည်း ပြိုလဲပြီး လမ်းတွေ ပိတ်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။