Connect with us

Hi, what are you looking for?

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ကျဉ်းဟောင်း ကိုဘိုဘို ကွယ်လွန်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

(ကွယ်လွန်သူ ကိုမျိုးဇော်သိန်းအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

ဧပြီ-၈၊ ၂၀၂၆။ဇေအောင်/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

လူထု​ခေါင်း​ဆောင်ရဲ့လုံခြုံ​ရေးတာဝန်နဲ့ အဖွဲ့ချုပ် သတင်းဓါတ်ပုံများစွာရိုက်ကူးခဲ့​တဲ့ နိုင်ကျဥ်း​ဟောင်း အသက်(၅၇)နှစ်အရွယ် ကိုမျိုးဇော်သိန်းဟာ မနေ့က ဧပြီ ၇ ရက် ညနေ ၆ နာရီ ၇မိနစ်မှာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပဆေးရုံမှာ အသည်းရောဂါကြောင့် ဆေးကုသနေရင်း ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ကိုမျိုးဇော်သိန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် ပါတီညီလာခံမှာ ဗဟိုသတင်းနဲ့ ပြန်ကြားရေးအဖွဲ့ရဲ့ ရုံးအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သလို၊ ပါတီရဲ့ သမိုင်းဝင် သတင်းဓာတ်ပုံများစွာကိုလည်း မှတ်တမ်းတင် ရိုက်ကူးခဲ့သူတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ကိုမျိုးဇော်သိန်းဟာ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပြီး ၉၀ ပြည့်လွန်နှစ်များအတွင်း အကျဉ်းထောင်အတွင်း ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို ဖြတ်သန်းခဲ့ရတဲ့ နိုင်ကျဉ်းဟောင်းတစ်ဦးလည်း ဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ကိုမျိုးဇော်သိန်းအား ဒီမိုကရေစီအရေး တိုက်ပွဲဝင်ခဲ့တဲ့ ၎င်းရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ မိတ်ဆွေများက နှမြောတသဖြစ်လျက် ရှိကြပါတယ်။

​၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမြအေးက “အရမ်းကိုခက်ခဲကြမ်းတမ်းတဲ့၉၀လွန်နှစ်တွေကထောင်တွင်းနေထိုင်မှုဘဝကို ​ရယ်မောနောက်ပြောင်ရင်း ကျော်ဖြတ်ခဲ့တာတွေကိုပြန်အမှတ်ရမိပါတယ်။စိတ်မကောင်းဘူးဗျာ။ကိုဘိုဘိုတစ်ယောက်ကောင်းရာမွန်ရာဘဝမှာအေးချမ်းစွာနားခိုပါစေ။”လို့ လူမှုကွန်ရက်မှာ ရေးသားကာ ဝမ်းနည်းစကားဆိုထားပါတယ်။

ကိုမျိုးဇော်သိန်းရဲ့ ရုပ်အလောင်းကို လာမယ့် ဧပြီ ၁၁ ရက် စနေနေ့မှာ ရေဝေးသုသာန်၌ သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။