Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မှာ ကျေးရွာတွေကို စစ်တပ်က မီးလောင်ဗုံးတွေသုံး မီးရှို့နေ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးလောင်ဗုံးတွေသုံး မီးရှို့နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဧပြီ-၈ ၊၂၀၂၆။ဖိုးသား/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးလောင်ဗုံးတွေသုံး မီးရှို့နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

စစ်တောင်းမြစ်အနောက်ခြမ်းက ပုဇွန်မြောင်း၊ကွင်းဒလကြီး၊ဂွေးကုန်း၊ ကောက်မယ်သူ၊ ကျောင်းကုန်း ၊ရေတွင်းကုန်းနဲ့ ဒလဆိပ်ကျေးရွာတွေ စစ်တပ်က နည်းမျိုးစုံသုံးပြီး မီးရှို့နေတာလို့ ဆိုပါတယ်။

“ဒီမနက်(ဧပြီ ၈ ရက်)ဆို ကွင်းဒလကြီးရွာကို မီးရှို့တယ်။ပုဇွန်မြောင်းရွာ ကွင်းဒလကြီးရွာကတော့မကြာခဏရှို့ခံရတယ်။ဂွေးကုန်းရွာ ကောက်မယ်သူရွာ ကျောင်းကုန်း ရေတွင်းကုန်းဒလဆိပ်ရွာတွေကိုလည်း မီးလောင်ဗုံးချပြီးရှို့တယ်”လို့ ညောင်လေးပင်မြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဆုံးရှုံးရတဲ့ နေအိမ်အရေအတွက်ကို မြေပြင်လုံခြုံရေးအရ စာရင်းမပြုစုနိုင်သေးဘူးလို့ သူက ပြောပါတယ်။

“ကျွန်မတို့ ရွာတစ်ခုတည်းတောင် အိမ်ခြေ ၁၅၀၀ လောက်ရှိတယ်။ဘယ်လိုမှ နေမရဘူးလေ။ ကျောင်းကုန်းမှာ အသတ်ခံထားရတာတွေလဲရှိနေတော့ အကုန်ထွက်ပြေးနေကြရတယ်။မြို့ပေါ်တွေလည်းတက်ရှောင်ကြသူရှိသလို တောင်ပေါ်ဘက်တွေလည်း ပြေးနေကြရမျိုးရှိတယ်”လို့ ပုဇွန်းမြောင်ရွာခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်က တပ်မ(၇၇)တပ်တွေက စစ်တောင်းမြစ်အနောက်ခြမ်းက ရေတွင်းကုန်း၊ခရုကုန်းနဲ့ ကျောင်းကုန်းကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါတယ်။

အဲဒီနေ့မှာပဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ ၂၅ ဦးနဲ့ သေနတ်နဲ့ပစ်သတ်ခံရတာက သုံးဦး စုစုပေါင်း ဒေသခံ ၂၈ ဦးသေဆုံးပြီး (၁၈)နှစ်အောက် ကလေး ၁၄ ဦး ပါဝင်ပါတယ်။ကျောင်းကုန်းရွာမှာ စစ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူအချို့ရှိနေသေးတယ်လို့ သိရပါတယ်။

စစ်ရေးအရအရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်းဒေသကို စိုးမိုးနိုင်ဖို့ အားပြိုင်နေတာဖြစ်ပေမယ့် စစ်တပ်က အရပ်သားနေအိမ်တွေနဲ့ အသက်ခန္ဓာတွေကို ဖျက်ဆီးသတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတော်လှန်ရေးတပ်တွေက ဆိုပါတယ်။

ညောင်လေးပင်မြို့နယ်ထဲမှာ ခမရ (၂၀)၊ ခမရ (၅၈၄)နဲ့ ခလရ(၅၁)တပ်ရင်းတွေက ပြည်သူတွေကို အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ် ဧပြီက တော်လှန်ရေးတပ်တွေ ဖမ်းမိခဲ့တဲ့ ညောင်လေးပင်မြို့နယ်ပျူခေါင်းဆောင်း လှိုင်မင်းက ထွက်ဆိုထားပါတယ်။

၂၀၂၃ကနေ ၂၀၂၅ ဖေဖော်ဝါရီအထိ ပုဇွန်မြောင်း၊ရေဖြူကန်၊လက်ခုပ်ကန်နဲ့ ရွက်လှကုန်းရွာတွေမှာ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုတွေမှာ တစ်ကြိမ်ကို ပြည်သူ ငါးဦးကနေ ကိုးဦးအထိရှိခဲ့ပြီး မီးရှို့ပြီးသေနတ်နဲ့ ပစ်သတ်မှုအပါအဝင် စစ်တပ်နဲ့ အပေါင်းအပါတွေက ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။

ရုပ်သံ – ဒေသခံ

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။