Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အောင်ပွဲရခဲ့တယ်လို့ အမေရိကန်ရော၊ အီရန်ပါ အသီးသီး ကြေညာ

အီရန် ထိန်းချုပ်ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်မပေးရင် အီရန်ရဲ့ ဓာတ်အားပေး ကွန်ရက်တွေနဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက် ဖျက်ဆီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရာဇသံ ပေးထားတဲ့ အချိန်မစေ့ခင် နာရီပိုင်း အလိုမှာ နှစ်ဖက်ကြား အပစ်အခတ် ရပ်စဲဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

သီတင်းနှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တာဟာ အောင်ပွဲတစ်ရပ် ဖြစ်တယ်လို့ အမေရိကန်ရော၊ အီရန်ကပါ အပြိုင်အဆိုင် ကြေညာခဲ့ကြပါတယ်။

အီရန် ထိန်းချုပ်ထားတဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်မပေးရင် အီရန်ရဲ့ ဓာတ်အားပေး ကွန်ရက်တွေနဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက် ဖျက်ဆီးပစ်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရာဇသံ ပေးထားတဲ့ အချိန်မစေ့ခင် နာရီပိုင်း အလိုမှာ နှစ်ဖက်ကြား အပစ်အခတ် ရပ်စဲဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။

ထရမ့်ကလည်း အီရန်ကို အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်မယ့် အစီအစဉ်ကို နှစ်ပတ်ကြာ နောက်ဆုတ်ထားပြီး အဲဒီ ကာလအတွင်း နှစ်ဖက်စလုံးက အပစ်ရပ်ထားမယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်ကလည်း အပစ်ရပ် သဘောတူညီမှု အကြောင်းကို အတည်ပြုခဲ့ပြီး နိုင်ငံတကာ ရေနံတင်ပို့ရေး အဓိက ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ ဧပြီ ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေးကလည်း အပစ်ရပ် သဘောတူညီမှုကို ထောက်ခံပြီး အီရန်ကို တိုက်ခိုက်မှုတွေ ရပ်နားထားမယ်လို့ ထုတ်ပြန်သွားပါတယ်။

ဟောမုဇ်ဟာ ရေနံ၊ လောင်စာ၊ ဓာတ်ငွေ့နဲ့ ဓာတ်မြေဩဇာတွေ ဖြတ်သန်းသယ်ယူမှုမှာ အရေးအကြီးဆုံး နိုင်ငံတကာ ရေလမ်းကြောင်း တစ်ခုဖြစ်ပြီး စစ်ပွဲကာလအတွင်း အီရန်က ဟောမုဇ်ကို ပိတ်ချထားတာကြောင့် ကမ္ဘာ့စီးပွားရေး ကဏ္ဍအပေါ် ကြီးမားတဲ့ ဆိုးကျိုးရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အပစ်ရပ် သဘောတူညီမှု ရရှိခဲ့တာကို နိုင်ငံတကာက ကြိုဆိုနေကြပေမယ့် စစ်ပွဲကို အပြီးတိုင် အဆုံးသတ်စေဖို့ အတွက်ကတော့ နောက်ဆက်တွဲ အကျေအလည် ညှိနှိုင်းမှုတွေ လိုအပ်နေဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်ဇ်က စစ်ဖြစ်ခဲ့တဲ့ နှစ်ဖက်စလုံး အနေနဲ့ ကြာရှည်ပြီး အားလုံးအတွက် ခြုံငုံ သက်ရောက်စေမယ့် ငြိမ်းချမ်းရေးမျိုး လမ်းပွင့်လာအောင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အီရန်နဲ့ အမေရိကန် အစိုးရတွေက အခု အပစ်ရပ် သဘောတူညီမှုဟာ အောင်ပွဲတစ်ရပ် ဖြစ်တယ်လို့ အသီးသီး ကြေညာခဲ့ကြပါတယ်။ အီရန်အပေါ် သူရဲဘောကြောင်တဲ့၊ တရားမဝင်တဲ့၊ ရာဇဝတ်မှုမြောက်တဲ့ စစ်ပွဲတစ်ခု ဆင်နွှဲမိခဲ့တဲ့ ရန်သူဟာ ငြင်းပယ်လို့ မရလောက်အောင် ခါးသီးပြင်းထန်တဲ့ သမိုင်းဝင် ရှုံးပွဲကြီးနဲ့ ကြုံတွေ့သွားရကြောင်း၊ အီရန်ကတော့ ခမ်းနားတဲ့ အောင်ပွဲတစ်ခုကို ရရှိခဲ့ကြောင်း အီရန် အမျိုးသား လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

အိမ်ဖြူတော်ဖက်ကလည်း အခုရရှိခဲ့တဲ့ အပစ်ရပ် သဘောတူညီမှုဟာ အမေရိကန်နဲ့ သမ္မတ ထရမ့်အတွက် အောင်ပွဲတစ်ခု ဖြစ်တယ်လို့ ညွှန်းဆိုခဲ့ပါတယ်။ သမ္မတ ထရမ့်ဟာ သူပြောထားတဲ့ စကားအတိုင်း ဟောမုဇ် ရေလက်ကြား ပြန်ပွင့်လာအောင် စွမ်းဆောင်ပြနိုင်ခဲ့ပြီလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က ပြောကြားခဲ့ပါတယ်။

ထရမ့်ကလည်း အမေရိကန်ရဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေဟာ မျှော်လင့်ထားတာထက် ပိုမို အောင်မြင်ခဲ့ကြောင်း၊ အီရန်နဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဟာ အမေရိကန် အတွက်တော့ အောင်ပွဲတစ်ခုဆိုတာ မေးခွန်းထုတ်နေစရာကို မလိုကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

အစ္စရေးက အီရန်နဲ့ သီတင်းနှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲမှုကို လေးစားလိုက်နာမယ်လို့ ကြေညာပေမယ့် ဧပြီ ၈ ရက်နေ့မှာတော့ လက်ဘနွန်မှာ စစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင်နေတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အစ္စရေးဟာ အီရန်နဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲကာလ အတောအတွင်း လက်ဘနွန် အခြေစိုက် အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတပ်တွေကိုပါ စစ်ခင်းနေခဲ့တာ ဖြစ်ပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက လာမယ့် နှစ်ပတ်အတွင်း ဟောမုဇ် ရေလက်ကြားမှာ နိုင်ငံတကာ အရပ်ဖက် ရေယာဉ်တွေ ဘေးအန္တရာယ် ကင်းကင်းနဲ့ ပြန်လည် ခုတ်မောင်းနေနိုင်မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်အပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်သွားရင် အီရန်ရဲ့ စွမ်းအားထက်မြက်တဲ့ လက်နက်ကိုင် တပ်တွေကလည်း ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နေတဲ့ စစ်ဆင်ရေးတွေကို ရပ်တန့်ပေးထားမယ်လို့ အာရက်ချီက ဆိုပါတယ်။

အပစ်ရပ် သဘောတူညီမှု ကြေညာပြီးတဲ့နောက် နိုင်ငံတကာ ရေနံစျေးဟာ ၁၇ ရာခိုင်နှုန်း ပြန်ကျသွားပါတယ်။ ဒါပေမဲ့ လေ့လာသူတွေကတော့ နိုင်ငံတကာအနှံ့ ရေနံနဲ့ လောင်စာတွေ ပုံမှန်အခြေအနေမျိုးထိ ပြန်လည် တင်ပို့နိုင်ဖို့က အတိုင်းအတာ တစ်ခုထိ အချိန်ယူရဦးမယ်လို့ သတိပေးထားပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။