Connect with us

Hi, what are you looking for?

သတင်း

မရှီကထောင်ဆုတောင်းကုန်းတိုက်ပွဲ ကျားထိုးတက်တဲ့ စစ်တပ်​သေဆုံးသူများပြီးပြန်ဆုတ်​

စစ်မှုထမ်းသင်တန်းဆင်းတွေကို ကျားထိုးတက်ခိုင်းပြီး လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူယူ စခန်းသိမ်းဖို့ ကြိုးစားတဲ့ ဖားကန့်၊ မရှီကထောင်ဆုတောင်းကုန်းတိုက်ပွဲမှာ စစ်တပ်ဘက်ကအများအပြားသေဆုံးပြီး ရုပ်အလောင်းတွေပြန်ဆွဲထုတ်သွားတယ်လို့ သတင်းရရှိပါတယ်။

ဧပြီလဆန်းက စစ်တပ်ရဲ့ဗျူဟာကုန်း ကာကင်းစခန်းအချို့ကို KIA နဲ့ KPDF တပ်ဖွဲ့ဝင်​တွေကသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-Screen Grab

ဧပြီ-၁၃၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်မှုထမ်းသင်တန်းဆင်းတွေကို ကျားထိုးတက်ခိုင်းပြီး လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူယူ စခန်းသိမ်းဖို့ ကြိုးစားတဲ့ ဖားကန့်၊ မရှီကထောင်ဆုတောင်းကုန်းတိုက်ပွဲမှာ စစ်တပ်ဘက်ကအများအပြားသေဆုံးပြီး ရုပ်အလောင်းတွေပြန်ဆွဲထုတ်သွားတယ်လို့ သတင်းရရှိပါတယ်။

KIA၊KPDF ထိန်းချုပ်ထားတဲ့မရှီက‌ထောင်ဆုတောင်းကုန်းကို အာဏာသိမ်းစစ်တပ်က ဒီနေ့ (ဧပြီလ ၁၃) မနက်ပိုင်းမှာ အနီးကပ်စစ်ကြောင်းထိုးလာပြီး တိုက်ပွဲပြင်းထန်ခဲ့တာပါ။

“ကျားထိုးပြီး တက်လာတာ။အဲ့အချိန်မှာလေကြောင်းရောလက်နက်ကြီးပါ ပစ်ကူပေးပြီးတက်တာ။ KIA နဲ့ KPDFက ဆီးပစ်တော့ အသေများပြီး အလောင်းတွေကောက်ပြေးတယ်”လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိတိုက်ပွဲမှာ စစ်တပ်ဘက်က ဝါယာဇွပ်ပြည်သူ့စစ်အဖွဲ့၊ရှမ်းနီတပ်ဖွဲ့(SNA)လည်းပါဝင်ပြီး စစ်မှုထမ်းသင်တန်းဆင်းတွေကို ကျားထိုးတက်ခိုင်းတာလို့ သိရပါတယ်။ ဒီနေ့ညပိုင်းမှာ​တော့ တိုက်ပွဲအခြေအနေ ငြိမ်သက်နေပြီး မနက်ပိုင်းနဲ့နေ့လယ်က တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအခြေအနေကိုအသေးစိတ်မသိရှိရသေးပါဘူး။

မရှီက‌ထောင်ရပ်ကွက်ထဲကဆုတောင်းကုန်းကိုKIAနဲ့KPDFက ထိန်းချုပ်ထားတာဖြစ်ပါတယ်။ စစ်တပ်က ၎င်းတို့ထိန်းချုပ်ထားတဲ့ဆန်းကြွယ်ရွာဘက်ကနေအင်အားတွေဖြည့်ပြီး စစ်ကြောင်းထိုးသိမ်းပိုက်ဖို့ကြိုးစာယနေတာဖြစ်ပါတယ်။

ဧပြီ ၁၃ ရက်မနက်ပိုင်းကမရှိကတောင်ဆုတောင်းကုန်းအနီးတိုက်ပွဲဖြစ်ပွားနေချိန် ဖားကန့် ဗျူဟာကုန်းမှာ စစ်တပ်က သင်္ကြန်အကြိုပွဲလုပ်နေစဉ် KIA ၊KPDFကဒရုန်းနဲ့ဗုံးကြဲတိုက်လိုက်လို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ဒါ​ကြောင့် ဒီနေ့တစ်နေ့တည်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးလေးကြိမ်ကြဲသွားတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ဖားကန့်မှာ တိုက်ပွဲတ တကျော့ပြန်ဖြစ်ပွားတဲ့ ဧပြီလ၂ရက် နဲ့ ၃ရက်နေ့ကလည်း စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲခဲ့ပါတယ်။ဧပြီလ ၂ရက်ကတိုက်ပွဲအတွင်းစစ်တပ်ရှေ့တန်းစခန်း ၆ခုကို KIA၊KPDFကသိမ်းယူခဲ့ပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင်ဒေသခံ ၆ဦးဒဏ်ရာရခဲ့ပါတယ်။

ဧပြီလ ၁၁ရက်က တိုက်ပွဲမှာစစ်ကောင်စီတပ်စွဲထားတဲ့ဖားကန့်ဗျူဟာကုန်းပေါ်ကို KIA ၊KPDFကဒရုန်းနဲ့ဗုံးကြဲလို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။စစ်တပ်ကဘည်း လေကြောင်းကနေ တိုက်​လေယာဥ်နဲ့ဗုံး သုံးကြိမ်ကြဲခဲ့ပါတယ်။ ဧပြီ ၁၂ ရက်မှာလည်း စစ်တပ်ဗုံးထပ်ကြဲခဲ့ပါ​သေးတယ်။

စစ်ရေးအ​ခြေအ​နေ​တွေတင်းမာ​နေလို့လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်သတိပေးချက်တွေကို တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ဟောင်ဝစ်ဆာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမို့ ဒေသခံ အမျိုးသား ၄ဦးနဲ့ အမျိုးသမီး ၁ဦး စုစုပေါင်း ၅ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။