Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စီမံကိန်းတွေကို ဆန့်ကျင်တဲ့ ဂျပန်ရဲ့ သဘောထားဟာ ရန်စမှုလို့ မြောက်ကိုရီးယား စွပ်စွဲ

မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်းတွေကို ဆန့်ကျင်ခဲ့ခြင်းဟာ ဂျပန်အနေနဲ့ အကြီးအကျယ် ရန်စတဲ့ လုပ်ရပ်မျိုး ကျူးလွန်လိုက်တဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်းတွေကို ဆန့်ကျင်ခဲ့ခြင်းဟာ ဂျပန်အနေနဲ့ အကြီးအကျယ် ရန်စတဲ့ လုပ်ရပ်မျိုး ကျူးလွန်လိုက်တဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့ မြောက်ကိုရီးယားက စွပ်စွဲထားခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ဂျပန်တို့ကြားမှာ တရားဝင် သံတမန် ဆက်ဆံရေး မရှိပါဘူး။ ပြီးတော့ ဒုတိယ ကမ္ဘာစစ် မတိုင်ခင် ကိုရီးယား ကျွန်းဆွယ်မှာ ဂျပန်ရဲ့ ကြမ်းတမ်းရက်စက်တဲ့ အုပ်စိုးမှုတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက မကြာခဏ ရှုတ်ချ ဝေဖန်လေ့ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်ပတ်လည် သံတမန်ရေးရာ ကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ရာမှာ နိုင်ငံရဲ့ သံတမန်ရေး ရှုထောင့်အရ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် စီမံကိန်းအပေါ် ဘယ်လိုဘယ်ပုံ ရှုမြင်သလဲ ဆိုတာကို သေချာ ဖော်ပြထားခဲ့ပါတယ်။

ဂျပန်အနေနဲ့ မြောက်ကိုရီးယားမှာ နျူကလီးယား လက်နက် စီမံကိန်းတွေ အကောင်အထည် ဖော်နေတာကို အတိအလင်း ဆန့်ကျင်ကြောင်း အဲဒီစာတမ်းမှာ ပါရှိခဲ့ပါတယ်။ ဂျပန်ရဲ့ သဘောထားဟာ မြောက်ကိုရီးယားရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှု အခွင့်အရေးတွေ၊ လုံခြုံရေး အကျိုးစီးပွားတွေနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းတွေကို အကြီးအကျယ် ရန်စလိုက်တာ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တစ်ဦးက အစိုးရပိုင် KCNA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ နည်းလမ်းမျိုးစုံ ကျင့်သုံးနေပြီး ဒါဟာ နိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်နဲ့လည်း အကျုံးဝင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သဘောထားကို KCNAက ဖော်ပြခဲ့ပါတယ်။

ဂျပန်ရဲ့ နှစ်ပတ်လည် သံတမန်ရေးရာ ကြေညာစာတမ်းဟာ လူမိုက်ဂိုဏ်းတွေရဲ့ သဘောထားမျိုးနဲ့ ဆင်တူပြီး ရယ်စရာ ကောင်းလွန်းကြောင်းလည်း မြောက်ကိုရီးယားဖက်က တုံ့ပြန် လှောင်ပြောင်ထားပါတယ်။

နိုင်ငံရဲ့ နျူကလီးယား လက်နက်တိုက်ကို ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်သလို အဲဒီ လမ်းစဉ်ကိုလည်း ဘယ်တော့မှ နောက်ကြောင်း ပြန်လှည့်မှာ မဟုတ်ကြောင်း၊ ရှိရင်းစွဲ နျူကလီးယား လက်နက် အင်အားကိုလည်း ပိုမို ချဲ့ထွင်တည်ဆောက်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့ပါတယ်။

ဂျပန်ရဲ့ စာတမ်းထဲမှာတော့ မြောက်ကိုရီးယားက ယူကရိန်း စစ်ပွဲမှာ ရုရှားကို ကူညီဖို့ တပ်ကူတွေနဲ့ ခဲယမ်းမီးကျောက်တွေ ထောက်ပံ့ ပို့ဆောင်ပေးခဲ့တဲ့အပေါ် စိတ်မသက်မသာ ဖြစ်ရတယ်လို့လည်း ဖော်ပြ ပါရှိခဲ့ပါတယ်။

ဂျပန်ရဲ့ စာတမ်းထဲမှာတော့ တရုတ်နဲ့ ပတ်သက်တဲ့ သုံးသပ် ယူဆချက်ကို နိုင်ငံရဲ့ အရေးအပါဆုံး မိတ်ဖက်တွေထဲက တစ်နိုင်ငံဆိုတဲ့ အဆင့်ကနေ အရေးပါတဲ့ အိမ်နီးချင်းဆိုတဲ့ အဆင့်ဆီ လျှော့ချထားခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ် တစ်ခုအတွင်း တရုတ်နဲ့ ပတ်သက်လို့ ဂျပန်ရဲ့ ပထမဆုံးအကြိမ် ထင်ရှားတဲ့ သုံးသပ်ယူဆချက် အပြောင်းအလဲ ဖြစ်လာပါတယ်။

ဂျပန်မှာ စနအဲ တကအိချိ ဝန်ကြီးချုပ် ဖြစ်လာချိန် ကတည်းက တရုတ်နဲ့ ဆက်ဆံရေး တင်းမာမှုတွေ ဖြစ်ပေါ်နေခြင်းက အခုလို အလှည့်အပြောင်းမျိုးဆီ ဦးတည်လာစေတယ်လို့ ယူဆရပါတယ်။ တကအိချိက တရုတ်သာ ထိုင်ဝမ်ကျွန်းကို တိုက်ခိုက်ရင် ထိုင်ဝမ်ကိုကူဖို့ ဂျပန်က တပ်တွေ လွှတ်ပေးမယ်လို့ ပြောဆိုခဲ့တာကို တရုတ်က တင်းတင်းမာမာ တုံ့ပြန် ဝေဖန်ရာက နှစ်ဖက် ဆက်ဆံရေးမှာ ပြဿနာတွေ စတင်လာတာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။