Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှေ့ ပစိဖိတ်မှာ လှေတစ်စီးကို တိုက်ခိုက်ခဲ့ပြီး လူ ၄ ဦး သေဆုံးကြောင်း အမေရိကန် အတည်ပြု

ပစိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်း ရေပြင်မှာ လှေတစ်စီးကို တိုက်ခိုက် နှစ်မြှုပ်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

ဧပြီ – ၁၅ ,၂၀၂၆

ပစိဖိတ် သမုဒ္ဒရာ အရှေ့ပိုင်း ရေပြင်မှာ လှေတစ်စီးကို တိုက်ခိုက် နှစ်မြှုပ်ခဲ့ပြီး လူ ၄ ဦး သေဆုံးခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

ဧပြီ ၁၄ ရက်နေ့က တိုက်ခိုက်ခံရတဲ့ လှေဟာ မူးယစ်ဆေးဝါး အကြမ်းဖက်ဂိုဏ်းတွေနဲ့ ဆက်နွှယ် ပတ်သက်နေတယ်လို့ အမေရိကန် တောင်ပိုင်းတိုင်း စစ်ဦးစီးဌာနက ကြေညာပါတယ်။ အဲဒီ စစ်ဌာနချုပ်ဟာ လက်တင်အမေရိကနဲ့ ကာရေဘီယန် ပင်လယ်ထဲက အမေရိကန်ရဲ့ စစ်ဆင်ရေးတွေကို ကြီးကြပ်နေတဲ့ ဌာနလည်း ဖြစ်ပါတယ်။

သေဆုံးသူ ၄ ဦးစလုံးဟာ မူးယစ်မှောင်ခို အကြမ်းဖက်သမားတွေလို့ အမေရိကန် စစ်တပ်က စွပ်စွဲခဲ့ပေမယ့် တိကျတဲ့ အထောက်အထားတော့ မပြသခဲ့ပါဘူး။ ဒါဟာ အရှေ့ပစိဖိတ် ရေပြင်မှာ အမေရိကန်က လုပ်ဆောင်တဲ့ ၄ ရက်အတွင်း တတိယမြောက် လူအသေအပျောက်တွေ ဖြစ်ပေါ်စေတဲ့ တိုက်ခိုက်မှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကစပြီး မူးယစ်မှောင်ခို စက်လှေတွေလို့ စွပ်စွဲထားတဲ့ လှေတွေကို အမေရိကန်က တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ဦးရေဟာ ၁၇၄ ဦးထက်မနည်း ရှိလာပါတယ်။

အမေရိကန် စစ်တပ်ဟာ အဲဒီ တိုက်ခိုက်မှုတွေက မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် ဖြစ်တယ်လို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့် ရွေးချယ်ခဲ့တဲ့ ပစ်မှတ်တွေက မှန်ကန်သလား ဆိုတာကို ထောက်လှမ်းရေး၊ ဒါမှမဟုတ် တခြား အချက်အလက်တွေ ထုတ်ပြန် အတည်ပြုတာမျိုး မရှိခဲ့ပါဘူး။

ဥပဒေရေးရာနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အမေရိကန်ရဲ့ အဲဒီပုံစံနဲ့ တိုက်ခိုက်မှုတွေဟာ ထင်သလို သတ်ဖြတ်တဲ့ လုပ်ရပ်မြောက်ပြီး အမေရိကန်နဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ရာ ရောက်နေတယ်လို့ ထောက်ပြထားကြပါတယ်။

တောင်ပိုင်းတိုင်း စစ်ဦးစီးဌာနရဲ့ လူမှုကွန်ရက်ပေါ် ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ လှေတစ်စီး ပေါက်ကွဲနေပုံကို ကောင်းကင်ကနေ ရိုက်ကူးထားတဲ့ ခပ်ဝါးဝါး ဗီဒီယိုကိုပါ ထည့်သွင်း ဖော်ပြထားပါတယ်။

ဝေဖန်မှုတွေ ရှိနေပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ အမေရိကန်ဟာ လက်တင်အမေရိက အခြေစိုက် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေနဲ့ စစ်ဖြစ်နေတယ်လို့ ယူဆထားတဲ့အတွက် ဒီလို တိုက်ခိုက်မှုတွေက မှန်ကန်ပြီး ကြောင်းကျိုးဆီလျော်တယ်လို့ အကြောင်းပြချက် ပေးထားပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။