Connect with us

Hi, what are you looking for?

သတင်း

ဒေါ်​အောင်ဆန်းကြည်သတင်း တရားဝင်ဘာမှမသိရသေးဘူးလို့ ဦးမျိုးညွှန့်​ပြော

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမျိုးစုံထွက်​နေ​ပေမယ့် တရားဝင်သတင်း ဘာမှ မသိရ​သေးဘူးလို့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် (NLD) ပါတီ​ပြော​ရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန့်က​ပြောကြားပါတယ်။

(လူထု​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်။ ဓါတ်ပုံ- Annie Leibovitz)

ဧပြီ-၁၇၊၂၀၂၆ ။​ရဲ​ခေါင်၊​သော်မွန်/People’s Spring

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမျိုးစုံထွက်​နေ​ပေမယ့် တရားဝင်သတင်း ဘာမှ မသိရ​သေးဘူးလို့ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ် (NLD) ပါတီ​ပြော​ရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန့်က​ပြောကြားပါတယ်။

“ကျွန်တော်တို့လုံးဝကို မသိရသေးဘူး(ဒေါ်အောင်ဆန်းစုကြည်ကိစ္စ)ဘယ်မှာရောက်နေလဲ သတင်းအစ အနတောင်မရပါဘူး။နဂိုအနေအထားအတိုင်းပဲလို့ ယူဆရတယ်” လို့ ဦးမျိုးညွှန့်က​ပြောပါတယ်။

ဒါအပြင်NLD သဘာပတိ ဦးဝင်းထိန်ပြန်လွတ်တယ်လို့လည်းဖုန်းသတင်းသာကြားရပြီး လူကိုယ်တိုင်​တွေ့ပြီးအတည်မပြုနိုင်​သေးဘူးလို့ဆင်​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

“ဖုန်းသတင်းပေါ့ဗျာ။အန်ကယ်ဥိးဝင်းထိန်လွတ်တယ်ကြားပါတယ်။ကျန်တဲ့ဟာတွေတော့ သတင်းတွေတခုမှ မကြားရသေးပါဘူး။”လို ဒီချုပ်​ပြော​ရေးဆိုခွင့်ရှိသူက​ပြောပါတယ် ။

လူထု​ခေါင်း​ဆောင်နဲ့ပါတီ​ခေါင်း​ဆောင်​တွေအ​ခြေအ​နေသိရဖို့​နေပြည်​တော်ကိုသွား​နေတယ်လို့လည်း ဦးမျိုးညွှန့်ကဆက်​ပြောပါတယ် ။

“သမ္မတကြီးကျန်းမာရေးက ကောင်းပါတယ်။စိတ်ကိုလူရော ကျန်းကျန်းမာမာနဲ့ပါ။”လို့သမ္မတဦးဝင်းမြင့်ရဲကျန်းမာ​ရေးအ​ခြေအ​နေကို​ပြောပါတယ် ။

ဒါ​ကြောင့် ကနဦးသတင်း​ဖော်ပြချက်မှာဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်​နေအိမ်သို့ စစ်တပ်က ပို့မယ်လို့သိရ​တယ်လို့ NLD ပါတီဘက်ကသတင်းရင်းမြစ်ပြောတဲ့သတင်းကိုပြင်ဆင်ဖတ်​ရှူ​ပေးဖို့ ​​မေတ္တာရပ်ခံအပ်ပါတယ် ။ အလားတူ NLD ဝန်ကြီးချုပ် ၄ ဦးပြန်လွတ်တယ်ဆိုတဲ့သတင်း​တွေဟာလည်း သတင်းရင်းမြစ်​တွေက​ပြော​ပေမယ့် အတည်မပြုနိုင်​သေးပါဘူး။

“ကျွန်တော်တို့က နေပြည်တော်အထိလာပြီး မျှော်လင့်စောင့်ဆိုင်းတာပေါ့လေ။ကျွန်တော်တို့ခေါင်းဆောင်တွေကို တွေ့မယ်။ကျွန် တော်တို့အခြေအနေတွေကို တင်ပြမယ်။ဒီအခြေအနေပေါ်မှာ ဆွေးနွေးလို့ရရင် ဆွေးနွေးပြီး ရှေ့ဘာဆက်လုပ်ရမယ်ဆိုတာ ဆုံးဖြတ်ချက်တွေ ချဖို့ပါ။”လို့ဦးမျိုးညွှန့်ကဆက်​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းအပေါ် ကုလသမဂ္ဂမြန်မာရုံးက စိုးရိမ်မကင်းဖြစ်မိကြောင်း ယနေ့(မေလ ၂ရက်)ထုတ်ပြန်သည်။

News

ဒီလို အွန်လိုင်းပေါ် အလျင်စလိုတင်ပြီးဖြန့်ဝေတာတွေဟာ ရန်သူကိုသတင်းပေးပို့ရာ ရောက်ပြီး ဆက်လက်လုပ်ဆောင်ရမယ့် စစ်ရေးအစီအစဉ်ကိုလည်း ထိခိုက်မှု ဖြစ်ပေါ်စေနိုင်တယ်လို့.ပြောထားပါတယ်။