Connect with us

Hi, what are you looking for?

News

စစ်ရေးလှုပ်ရှားမှုတိုက်ပွဲသတင်းတွေကို အွန်လိုင်းပေါ် အလျင်စလိုမတင်ကြဖို့ KNU ထပ်မံမေတ္တာရပ်ခံ

ဒီလို အွန်လိုင်းပေါ် အလျင်စလိုတင်ပြီးဖြန့်ဝေတာတွေဟာ ရန်သူကိုသတင်းပေးပို့ရာ ရောက်ပြီး ဆက်လက်လုပ်ဆောင်ရမယ့် စစ်ရေးအစီအစဉ်ကိုလည်း ထိခိုက်မှု ဖြစ်ပေါ်စေနိုင်တယ်လို့.ပြောထားပါတယ်။

စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တဲ့သတင်းတွေကို ကြားသိရင် အွန်လိုင်းပေါ် အလျင်စလိုမတင်ဖို့ KNUက မေတ္တာရပ်ခံလိုက်ပါတယ်။

လတ်တလောမှာ KNU ထိန်းချုပ်ရာ ဒူးပလာယာခရိုင်မှာ KNU တပ်မဟာ ၆ နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေတာပါ။

ဒါကြောင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပြီးနောက်မှာရော ၊ စခန်းသိမ်းယူပြီးနောက်မှာရော စစ်ရေးအစီအစဉ်အရ ဆက်လက်လုပ်ဆောင်ရမယ့်အရာတွေရှိလို့ စစ်ရေးလှုပ်ရှားမှုတွေကို အွန်လိုင်းပေါ်ကို အလျင်စလို တင်ပြီး ဖြန့်ဝေတာမလုပ်ဖို့ KNU က ဆိုလိုက်တာပါ။

ဒီလို အွန်လိုင်းပေါ် အလျင်စလိုတင်ပြီးဖြန့်ဝေတာတွေဟာ ရန်သူကိုသတင်းပေးပို့ရာ ရောက်ပြီး ဆက်လက်လုပ်ဆောင်ရမယ့် စစ်ရေးအစီအစဉ်ကိုလည်း ထိခိုက်မှု ဖြစ်ပေါ်စေနိုင်တယ်လို့.ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် တိုက်ပွဲဖြစ်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ စစ်ပြေးဒုက္ခသည် ပြည်သူတွေရဲ့နေရာတွေကို မြေပုံညွှန်းနဲ့တကွဖော်ပြတာဟာလည်း စစ်ပြေးဒုက္ခသည်တွေကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ပစ်မှတ်ထားလာနိုင်တာကြောင့် ဒုက္ခသည်တွေအတွက် လုံခြုံမှု မရှိစေဘူးလို့ အသိပေးထားတာတွေ့ရပါတယ်။

ပုံမှန်အာဖြင့် KNU နဲ့ အာဏာသိမ်းစစ်ကောင်စီတပ် တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် လေယာဉ်နဲ့ ဗုံးကြဲတာနဲ့ တပ်ကူလွှတ်တာတွေကိုလုပ်လေ့ရှိတာပါ။

ဒါကြောင့် KNU တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်ကိစ္စရပ်တွေ ပြီး လို့ လုံခြုံတဲ့နေရာရောက်မှ အွန်လိုင်းပေါ် သတင်းတွေဖြန့်ဝေကြဖို့ မေတ္တာရပ်ခံထားတာတွေ့ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေအတွင်းက KNU တပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။