Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မလေးရှားမှာ ရေပေါ်ရွာ မီးလောင်ပြီး အိမ်ခြေ ၁၀၀၀ ကျော် ပြာကျ

မလေးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု တစ်ခုမှာ ရေပေါ် ခြေတံရှည်အိမ် အများစု အပါအဝင် အိမ်ခြေ ၁၀၀၀ ကျော်လောက် ပြာကျသွားခဲ့ပါတယ်။

မလေးရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု တစ်ခုမှာ ရေပေါ် ခြေတံရှည်အိမ် အများစု အပါအဝင် အိမ်ခြေ ၁၀၀၀ ကျော်လောက် ပြာကျသွားခဲ့ပါတယ်။

ဧပြီ ၁၉ ရက်နေ့က ဆာဘားပြည်နယ်ရဲ့ ကမ်းရိုးတန်း ကျေးရွာတစ်ခုမှာ ကြုံခဲ့ရတဲ့ မီးလောင်မှုဟာ လူပေါင်း ၉၀၀၀ ကျော်ကို ထိခိုက်စေခဲ့တဲ့ ဖြစ်ရပ်ဆိုးတစ်ခုလို့ ဆန်ဒါကန်ခရိုင် ရဲတပ်ဖွဲ့ အကြီးအကဲ ဂျော့ဂျ်အက်ဘ်ဒ် ရက်ခ်မန်းက ပြောကြားခဲ့ပါတယ်။

မနက်အစောပိုင်းမှာ စတင်ခဲ့တဲ့မီးဟာ ဖြစ်သလို ဆောက်လုပ်ထားပြီး နီးနီးကပ်ကပ် ရှိနေခဲ့တဲ့ ခြေတံရှည် အိမ်တွေကို ခပ်မြန်မြန် ကူးစက် ဝါးမျိုသွားခဲ့ပါတယ်။ ဆာဘားပြည်နယ် အရှေ့မြောက်ဖက်၊ ဆန်ဒါကန် ခရိုင်ထဲက အဲဒီ ရေပေါ်ရွာဟာ မလေးရှားရဲ့ အဆင်းရဲ အနွမ်းပါးဆုံး စာရင်းဝင် လူ့အဖွဲ့အစည်းတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒီနေရာမှာ ဒေသခံ ရွာသားတွေအပြင် နိုင်ငံမဲ့ လူတန်းစားတွေနဲ့ တခြား ဆင်းရဲနွမ်းပါးသူတွေဟာ ပူးပူးကပ်ကပ် ဆောက်လုပ်ထားတဲ့ ခနော်နီ ခနော်နဲ့ သစ်သားအိမ်လေးတွေမှာ နေထိုင်နေကြရပါတယ်။

မီးလောင်မှုက အရမ်း ပမာဏ များပြားကျယ်ပြန့်သလို ရင်ကွဲလောက်စရာ ဖြစ်ခဲ့တယ်လို့ ရက်ခ်မန်းက မှတ်ချက်ပေးခဲ့ပါတယ်။ ဆာဘားပြည်နယ် ရဲတပ်ဖွဲ့က မီးကြောင့် ပျက်စီး ဆုံးရှုံးမှုဟာ အိမ်ခြေ ၁၀၀၀ ကျော်လောက် ဖြစ်နိုင်ပြီး စုစုပေါင်း ၁၀ ဧကလောက် အကျယ်အဝန်းဟာ လုံးဝဥဿုံ ပြာကျသွားခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အိမ်တွေက ပြွတ်သိပ်နေခဲ့ပြီး မီးသတ်ကားနဲ့ မီးသတ်လှေတွေ ဝင်လို့မရတာကြောင့်လည်း အဆုံးအရှုံး ပိုများသွားခဲ့တာ ဖြစ်ပါတယ်။ မီးလောင်တာဟာ ဒီရေကျနေချိန်မှာ ဖြစ်တာကြောင့်လည်း ပင်လယ်ပြင်ကနေ မီးသတ်ရေယာဉ်တွေ ပို့ဆောင်ဖို့ ခက်ခဲခဲ့တယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်မှုမှာ ထိခိုက်သေကြေမှု သတင်းတော့ မကြားရပါဘူး။ နာရီပေါင်း အတော်ကြာပြီးတဲ့ အချိန်မှာတော့ မီးကို လုံးလုံးလျားလျား ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးဘေးဒုက္ခသည်တွေကိုတော့ လောလောဆယ် အရေးပေါ် ယာယီ ရွှေ့ပြောင်းပေးထားရပြီး သူတို့ရဲ့ နေရာထိုင်ခင်းကို ထိထိရောက်ရောက် စီစဉ်ပေးဖို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က အာဏာပိုင်တွေက အမိန့်ပေးထားပါတယ်။

လက်ရှိမှာ အရေးအကြီးဆုံးကတော့ မီးဘေး ဒုက္ခသည် မိသားစုတွေရဲ့ လုံခြုံရေးနဲ့ မြေပြင်ပေါ်မှာ သူတို့ကို အမြန်ဆုံး အကူအညီတွေ ပေးပို့နိုင်ရေး ဖြစ်တယ်လို့ အန်ဝါက Facebookမှာ ရေးသားထားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

UFC ဖလိုင်းဝိတ်တန်း ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ ငယ်စဥ်က ပညာသင်ခဲ့တဲ့မလေးရှားနိုင်ငံက ချင်းဒုက္ခသည်များဆိုင်ရာ လူထုအခြေပြုကျောင်း (Chin Community Schools) ကို ၁၃ နှစ်အကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။

သတင်း

Chin Refugee Committee ရဲ့ ၂၅ နှစ်ပြည့်ပွဲမှာ ဖျော်ဖြေတင်ဆက်ပေးမယ့် အဆိုတော် ဖြူဖြူကျော်သိန်းက မလေးရှားနိုင်ငံကို မေ ၂၄ ရက်မှာ ရောက်ရှိလာပါပြီ။

သတင်း

စစ်အာဏာသိမ်းမှုကြောင့် သံတမန်ဆက်ဆံရေး ဖယ်ကြဥ်ခံရအပြီး ငါးနှစ်အကြာမှာ မလေးရှားအစိုးရနဲ့ နေပြည်တော်တို့အကြား ဆက်ဆံရေးတွေ ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်နေကြပြီလို့ မလေးရှားအစိုးရပိုင် Bernama က ဖော်ပြပါတယ်။

သတင်း

UFC ချန်ပီယံ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ အဆိုတော် ဖြူဖြူကျော်သိန်းတို့ မလေးရှားနိုင်ငံမှာ ကျင်းပမယ့် Chin Refugee Committee (CRC)အသင်းရဲ့ ၂၅ နှစ်မြောက် ငွေရတုအခမ်းအနားကို တက်ရောက်ပြီး ပရိသတ်တွေနဲ့ တွေ့ဆုံမယ် လို့ CRC က ထုတ်ပြန်ပါတယ်။