Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်နဲ့ ဒုတိယအကြိမ် အီရန် ဆွေးနွေးမှာ မဟုတ်ကြောင်း အစိုးရ မီဒီယာဖော်ပြ

အမေရိကန်နဲ့ ဒုတိယအကျော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပါဝင်မှာ မဟုတ်ဘူးလို့ အီရန် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ ဒုတိယအကျော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ပါဝင်မှာ မဟုတ်ဘူးလို့ အီရန် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ပါကစ္စတန်ကို နောက်တစ်ကြိမ် သွားရောက်မယ်လို့ ဧပြီ ၁၉ ရက်နေ့မှာ မှတ်ချက်ပေးခဲ့ပေမယ့် IRNA သတင်းဌာနကတော့ အဲဒီ ဆွေးနွေးမှုမျိုးမှာ အီရန် ပါဝင်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်ဆီက လွန်ကဲတဲ့ တောင်းဆိုမှုတွေ၊ လက်တွေ့မကျတဲ့ မျှော်လင့်မှုတွေ၊ စကားကို အမျိုးမျိုး ပြောဆိုနေတာတွေ၊ အပြောတစ်မျိုး အလုပ်တစ်မျိုးတွေ အကြိမ်ကြိမ် ဖြစ်နေတာတွေနဲ့ အီရန် ဆိပ်ကမ်းတွေကို ရေတပ်အင်အားသုံး ပိတ်ဆို့ထားမှုတွေကို အကြောင်းပြုပြီး အီရန်ဟာ အဲဒီလို ဆွေးနွေးမှုတွေမှာ မပါဖို့ ဆုံးဖြတ်ခဲ့ကြောင်း IRNAက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားပါတယ်။ အမေရိကန် ရေတပ်က အီရန် ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့ လုပ်ရပ်ဟာ လက်ရှိ နှစ်နိုင်ငံ ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှုကို ချိုးဖောက်ရာ ရောက်တယ်လို့လည်း အီရန်ဖက်က စွပ်စွဲထားပါတယ်။

ဧပြီ ၁၉ ရက်နေ့မှာတော့ ဟောမုဇ်ရေလက်ကြားကို ပိတ်ဆို့ထားတဲ့ အမေရိကန် ရေတပ်ကို ဖောက်ထွက်ဖို့ ကြိုးစားတဲ့ အီရန် ကုန်တင်သင်္ဘော တစ်စီးကို ရေတပ်က ပစ်ခတ်ဟန့်တားပြီး ကြားဖြတ် ထိန်းချုပ်ခဲ့ကြောင်း ထရမ့်က ကြေညာခဲ့ပါတယ်။ အဲဒီ အခြေအနေက နှစ်ဖက်ကြား တင်းမာမှုတွေကို ပိုမို ဆိုးရွားလာစေဖွယ် ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

IRNAက ဖာရစီ ဘာသာနဲ့ ဖော်ပြထားတဲ့ နောက်ထပ် Xပို့စ်တစ်ခုမှာတော့ အမေရိကန်နဲ့ အီရန်ကြား ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ သဘောတူထားတယ်ဆိုတဲ့ သတင်းတွေဟာ မမှန်ကန်ကြောင်း ငြင်းဆိုထားပါတယ်။

ဒါတင်မကသေးဘဲ လက်ရှိ အခြေအနေတွေ အရဆိုရင်တော့ အပြုသဘောဆောင်တဲ့ ဆွေးနွေးညှိနှိုင်းမှုမျိုးတွေ ပေါ်ပေါက်လာဖို့ မျှော်လင့်ချင်စရာလည်း သိပ်မရှိဘူးလို့ IRNAက ဆိုပါတယ်။

ဧပြီ ၈ ရက်နေ့မှာ အီရန်နဲ့ အမေရိကန်တို့ကြား နှစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့တဲ့နောက် ဧပြီ ၁၁ နဲ့ ၁၂ ရက်နေ့တွေတုန်းက နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေဟာ ပါကစ္စတန်နိုင်ငံ၊ အစ္စလာမ်မာဘတ် မြို့မှာ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့ အီရန်က နျူကလီးယား နည်းပညာပိုင်းနဲ့ ပတ်သက်ရင် အလျှော့ပေး လက်လွှတ်ဖို့ ငြင်းဆိုခဲ့တာကြောင့် ဆွေးနွေးမှုတွေ မအောင်မြင်ဘဲ ပျက်ပြယ်ခဲ့ကြောင်း အမေရိကန်က ဝေဖန်ခဲ့ပါတယ်။

IRNAရဲ့ ငြင်းဆိုမှု မတိုင်ခင်ကအထိတော့ အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ မကြာခင် အစ္စလာမ်မာဘတ်မှာ ထပ်မံတွေ့ဆုံကြလိမ့်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့ပါတယ်။

ကိုးကား: Xinuha, IRNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။