Connect with us

Hi, what are you looking for?

သတင်း

“ဒေါ်အောင်ဆန်းစုကြည် အချုပ်နှောင်မှလွတ်မြောက်စေရေး” ကြွေးကြော်သံတွေနဲ့ စစ်ကိုင်းတိုင်းကပြည်သူတွေ ဆန္ဒပြ

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ “ဒေါ်အောင်ဆန်းစုကြည် အချုပ်နှောင်မှလွတ်မြောက်စေရေး”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

ဧပြီ-၂၀၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ “ဒေါ်အောင်ဆန်းစုကြည် အချုပ်နှောင်မှလွတ်မြောက်စေရေး”ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာ ရွှေဥက္ကံလူထုသပိတ်စစ်ကြောင်း က တော်လှန်ပြည်သူတွေနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြတော်လှန်ပြည်သူတွေက “အဓမ္မကို အမြစ်ဖြတ် တော်လှန် လမ်းမပေါ်က ရွှေဥက္ကံ” စာသား ကိုင်ဆွဲပြီးတော့ “စစ်အာဏာရှင်အလိုမရှိ”၊ “စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီသာအလိုရှိကြောင်း”နဲ့ “အမေစု အချုပ်နှောင်မှလွတ်မြောက်စေရေး” တို့အတွက် ဟစ်ကြွေးတောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

နေရာဒေသအသီးသီးက တော်လှန်ပြည်သူတွေကလည်း “Free All Political Prisoners” စာသားနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးနဲ့ အရေးတော်ပုံ အောင်နိုင်ရေးအတွက် Blue Shirt Campaign လူထုလှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြပါတယ်။

ဓာတ်ပုံ – Blue Shirt Movement-Myanmar (BSMM)၊ ရွှေဥက္ကံလူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။