Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်အရှေ့ခြမ်းမှာ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ကျေးရွာတွေမီးရှို့နေ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ကျေးရွာတွေ မီးရှို့နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

(စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်နေတဲ့ နတ် မောက်ပကဖ ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - နတ်မောက် ပကဖ)

ဧပြီ -၂၆၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ကျေးရွာတွေ မီးရှို့နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့က(ဧပြီ ၂၅ရက်) မနက် ၇ နာရီခွဲဝန်းကျင်က ကျောက်မိုးကျေးရွာနဲ့ ထန်းပင်မျှောင်ကျေးရွာအနီးမြင်းတဲကြီးကျေးရွာက ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“မိုင်းကွင်းစောင့်တဲ့ ရဲဘော်တွေကို စစ်တပ်ဘက်က စပစ်လို့ တိုက်ပွဲ ဖြစ်တာ။အထိအခိုက်တော့ မသိရသေးဘူး”လို့ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းအမှတ် (၉၀၃)က တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းမှာ အင်အား ၃၀၀ဝန်းကျင်ရှိပြီး ဒီကနေ့(ဧပြီ ၂၆ ရက်)မှာ ဖက်တောရေ ကျေး ရွာ မီးရှို့နေတယ်လို့ အသိပေးပါတယ်။

“ရွာတောင်ခြမ်းက လူနေအိမ်လေးလုံး လောက်မီးထဲပါသွားတယ်”လို့ နတ်မောက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဧပြီ ၂၂ ရက်က နတ်မောက် အရှေ့ခြမ်း ကျီးကန်ရွာက ဆွံ့အနားမကြား ညီ အစ်ကိုနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အသိပေးပါတယ်။

ဒါ့အပြင် ကျီးကန်၊ ကန်ဦးကုန်း၊ ရုံးပင်ကွက်ကျေးရွာတွေက နေအိမ်တွေကို ဖောက်ထွင်းပြီး မီးရှို့တာတွေလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

နတ်မောက်မြို့နယ်အရှေ့ခြမ်းကို မြို့သစ်မြို့နယ် နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းကနေ အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်တပ်က ဧပြီ ၁ရက်ကစလို့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတော် လှန်ရေးတပ်တွေနဲ့ မကြာခဏထိတွေ့မှုတွေ ဖြစ်နေပါတယ်။

အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းက တော် လှန်ရေးတပ်တွေရှိရာနေရာတွေကို ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုးရေး စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။