ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ရွှေတိဂုံ ဘုရားကို လာရောက်သူ များပြားခဲ့ပါတယ်။
ကဆုန်လပြည့်နေ့ မှာ ညောင်ရေသွန်းပွဲပြုလုပ်တဲ့ အစဉ်အလာအရ ရွှေတိဂုံဘုရားရင်ပြင်ရဲ့ ထောင့်တွေမှာရှိတဲ့ ညောင်ပင်တွေကို ရေသွန်းလောင်းသူတွေစည်ကားခဲ့ပါတယ်။

နေ့အပူချိန်တွေတိုးနေတာကြောင့် ညဘက်မှာ လာရောက်သူများပြားခဲ့တာကြောင့် ရွှေတိဂုံဘုရားပတ်ဝန်းကျင်မှာ ည ၈ နာရီခန့်အထိ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်နေပါတယ်။


















































