Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ရွှေတိဂုံဘုရားတွင်မူးယစ်ဆေးဝါးသုံးစွဲမှုများရှိလာ

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း “အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ ” ဟုပြောသည်။

(​ရွှေတိဂုံဘုရားကို အ​ဝေးမှ ဖူး​တွေ့ရစဥ်။ဓါတ်ပုံ-People's Spring)
(​ရွှေတိဂုံဘုရားကို အ​ဝေးမှ ဖူး​တွေ့ရစဥ်။ဓါတ်ပုံ-People's Spring)

▪︎အများသုံးသန့်စင်ခန်းအတွင်း WY ဆေးပြားများတွေ့

အာဏာသိမ်းပြီးနာက်ပိုင်းတွင် မြန်မာပြည်သူများ အထွဋ်အမြတ်ထားသည့် ရွှေတိဂုံဘုရား၌ မူးယစ်ဆေးဝါးသုံးစွဲမှုများရှိလာကြောင်း ရွှေတိဂုံဘုရားမှ အရင်းအမြစ်အချို့နှင့် ဘုရားဖူးပြည်သူက လူထုနွေဦးသို့ပြောသည်။

“ရွှေတိဂုံစေတီတော် ဝတ္တကနယ်မြေအတွင်းတွင်ရှိသော အများသုံးသန့်စင်ခန်းများအတွင်းမှာပင် သုံးစွဲနေမှုကရှိနေပါတယ်။အာဏာသိမ်းပီးနောက်ပိုင်း ရွှေတိဂုံစေတီတော်ပေါ်တွင် ရဲဘက်စစ်ဘက်များကို အင်အားတိုးချထားရာမှ ထိုကဲ့သို့ မူးယစ်ဆေးသုံးစွဲမှုက ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ “ဟု ​ရွှေတိဂုံဘုရာမှ သတင်းအရင်းအမြစ်တစ်ဦးကPeople’s Spring သို့ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း၌ ရွှေတိဂုံဘုရားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များကိုလုံခြုံရေးတိုးမြှင့်ချလာပြီး ၊စစ်သားနှင့် ရဲများ ပိုများလာပြီး​နောက်ထိုသို့ကြုံ​တွေလာခြင်းဖြစ်​ကြောင်းစုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း “အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ ” ဟုပြောသည်။

ရွှေတိဂုံဘုရား၏ အများသုံးသန့်စင်ခန်းများအတွင်း၌ WY ဆေးပြားများပါသည့် အထုတ်ကို ဘုရားဖူးတစ်ဦးက တွေ့ရှိခဲ့သည်ဟု ၎င်းကဆိုသည်။

“အရင်က အဲ့လိုမျိုးအသံမထွက်ဖူးဘူး လုံး၀Clean ကျွန်တော်တို့ထဲကမသုံးဘူးဆိုတာ အတိအကျပြောလို့ရတယ်။ အဲ့ဒါက ဘယ်သူတွေသုံးတယ်ဆိုတာကျ ဘုရားကြီးရဲ့ လေးဘက်‌ လေးတန် စောင်းတန်းတွေမှာ လုံခြုံရေးစက်တွေရှိနေတာပဲ ဆိုတော့ ဒါသုံးတဲ့သူက ဘုရားပေါ်မှာတာ၀န်ကျနေတဲ့ သူတွေ အဓိက(ရဲနဲ့စစ်ဘက်)ကသူတွေရောက်လာမှ ဒါမျိုးကြားရတာ ယုံတောင်မယုံနိုင်ဘူး” ဟု ရွှေတိဂုံဘုရားမှ ဝန်ထမ်းတစ်ဦးက မှတ်ချက်ပေးသည်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘုရားပေါ်တွင် မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် ဘာသာသာသနာ ညှိုးနွမ်းစေသောကိစ္စဖြစ်ကြောင်း အထက်ပါဝန်ထမ်းကပြောသည်။

ဘုရားအနီးမူးယစ်​ဆေးဝါး ​ရောင်းဝယ် ၊သုံးစွဲမှုမှ ဘုရားလုံခြုံ​ရေးအတွက်ဆိုကာ ​ရောက်လာ​သောစစ်​ကောင်စီတပ်သားများနှင့် ရဲများနှင့် ဆက်စပ်နိုင်​ကြောင်း အထက်ပါသတင်းရင်းမြစ်များက​ပြောသည်။

ဗုဒ္ဓဘာသာများ၏ထုံးစံအရ ‌လပြည့်လကွယ်နေ့များနှင့် အခါကြီး ရက်ကြီးများတွင် ရွှေတိဂုံဘုရားသို့ လာရောက်သူများပြားလေ့ရှိသည်။

စစ်ကောင်စီအာဏာသိမ်းပြီးချိန်၌ စစ်ကောင်စီကပြည်သူများ တော်လှန်ရေးတွင် စိတ်မဝင်စားဘဲ အ​​ပျော်အပါးတွင် နစ်​​​မျှော​နေစေရန် ဘားများ ကလပ်များတွင်လည်း မူးယစ်ဆေးဝါးများကို တရားဝင်အသုံးပြုခွင့်ပြုထား​ကြောင်း ဘားနှင့် ကလပ်များသို့ သွား​ရောက်​ဖူးသူ အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်မှာ ကျပ်သိန်း၄၀နီးပါးတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ရောင်းချနေကို ဖမ်းဆီးရမိပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မနဲ့ အမှုဖွင့်တရားစွဲ ဆိုထားတယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ ရဲတပ်ဖွဲ့(DLEPS)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူ ၃ ဦးကို ဖမ်းဆီးအရေးယူထားပြီး တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ထားကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။