Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် မိုးသည်းပြီးရေကြီးရေလျှံ​နေ၊​ရွှေတိဂုံဘုရား​စောင်းတန်းပါ​ရေလျှံ

ကားလမ်းများပါ ရေကြီးရေလျှံမှု​ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဆိုးဆိုးရွားရွားဖြစ်ခဲ့ကြောင်း ခရီးသွားများကပြောသည်။

(ရန်ကုန်တွင်​ ​​အောက်တိုဘာ ၂၄ ရက်ကရေကြီး​ရေလျှံ​နေမှုမြင်ကွင်း။ဓါတ်ပုံ-CJ)
(ရန်ကုန်တွင်​ ​​အောက်တိုဘာ ၂၄ ရက်ကရေကြီး​ရေလျှံ​နေမှုမြင်ကွင်း။ဓါတ်ပုံ-CJ)

ရန်ကုန်မြို့တွင် အောက်တိုဘာ ၂၄ ရက်​နေ့ကသုံးနာရီကျော်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်အများစု၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေတိဂုံဘုရား တောင်ဘက်‌စောင်းတန်းနှင့်အ​ရှေ့ဘက်​စောင်းတန်းတို့တွင် ရင်ပြင်တော်ပေါ်မှ ရေတံခွန်ကဲ့သို့ ​ ​ရေများစီးကာရေလျှံခဲ့​ကြောင်း မျက်မြင်​တွေ့ရှိသူများက​ပြောသည်။

ယင်းကဲ့သို့စောင်းတန်းမှရေများဆင်းလာခြင်းသည် ဘုရားပေါ်ရှိရေမြောင်းများကို သေသေချာချာရှင်းလင်းထားခြင်းမရှိ​တော့သောကြောင့် ဖြစ်ကြောင်း ရွှေတိဂုံဘုရားအနီးဈေးရောင်းသူတစ်ဦးကပြောသည်။

“ အဲဒီ့ဘက်က အနိမ့်ဖြစ်တာကြောင့်လည်းပါတယ်။ ‌ရေတွေကစုပြီး အဲဒီ့ဘက်ကိုစီးတာ ” ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

‌နေ့လည် ၁နာရီကျော်တွင် မိုးစတင်ရွာခဲ့ပြီး ညနေ ၄ နာရီကျော်အထိ မိုးအဆက်မပြတ် ရွာခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ တောင်ဥက္ကလာဘက်မှာ ရေတွေတတ်လာတာ ကားထဲကိုပါရေ‌တွေဝင်လို့ ဘယ်လိုမှမောင်းလို့မရတော့တာ ” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက မိုးရွာချိန်က တွေ့ကြုံခဲ့ရသည့်အကြောင်းကိုပြောသည်။

(ရန်ကုန်တွင်​ ​​အောက်တိုဘာ ၂၄ ရက်ကရေကြီး​ရေလျှံ​နေမှုမြင်ကွင်း။ဓါတ်ပုံ-CJ)
(ရန်ကုန်တွင်​ ​​အောက်တိုဘာ ၂၄ ရက်ကရေကြီး​ရေလျှံ​နေမှုမြင်ကွင်း။ဓါတ်ပုံ-CJ)

ရန်ကုန်မြို့၏ မြို့နယ်တော်တော်များများ၏ လမ်းမများ၌ ရေကျော်မှုဖြစ်ခဲ့သည့် အကြောင်းကို ဖေ့စ်ဘွတ်ခ်အသုံးပြုသူများက ဓာတ်ပုံများ ဗီဒီယိုများနှင့်အတူ တင်ထားသည်ကိုတွေ့ရသည်။

“ သ‌င်္ဘောစီးပြီးပြန်လာတာ ၊ တာမွေ Ocean ကမ်းခြေ” ဟု Ei Thinzar Chaeng အကောင့်တွင် တာမွေအိုးရှင်းဈေးဝယ်စင်တာရှေ့လမ်းမပေါ်၌ ရေကြီးရေလျှံမှူဖြစ်နေသည်ကို ဗီဒီယိုဖိုင်နှင့်အတူ တင်ထားသည်။

ထို့ပြင် စမ်းချောင်းမြို့နယ်အတွင်း၌လည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက​ဖေစ်ဘွခ်တွင်တင်ထားကြသည်ကိုတွေ့ရသည်။

ကားလမ်းများပါ ရေကြီးရေလျှံမှု​ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများဆိုးဆိုးရွားရွားဖြစ်ခဲ့ကြောင်း ခရီးသွားများကပြောသည်။

ရန်ကုန်သာမက ကရင်ပြည်နယ်၊မ​ကွေးတိုင်း၊မန္တ​လေးတိုင်း စ​သော​ဒေသများတွင်လည်းယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်း​နေ​ကြောင်း​ဒေသခံအချို့က ​ပြောသည်။

အိန္ဒိယ မိုးလေဝသဌာနက ဘင်္ဂလားပင်လယ်အော်အ​ရှေ့​မြောက်ပိုင်းတွင် အင်အားကောင်းသည့် Hamoon( ဟမွန်း) မုန်တိုင်းဖြစ်ပေါ်​နေပြီ မုန်တိုင်းမှာ ဘဂ်လား​​ဒေရှ်ကမ်းရိုးတန်းကို ဦးတည်တိုက်ခတ်မည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်း၏ အဝန်းအဝိုင်းအတွင်းရခိုင်ပြည်နယ် ၊ ချင်းပြည်နယ်တို့မှ ​​ဒေသအချို့ပါဝင်​နေသည်ကို​တွေ့ရသည်။ ထိုမုန်တိုင်းအရှိန်​ကြောင့်ရခိုင်ပြည်နယ်၊ချင်းပြည်

နယ်၊ စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းမိုးရွာသွန်းနိုင်ပြီး​ဒေသအချို့ မိုးကြီးနိုင်​ကြောင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ သံလမ်းမှတ်တိုင်မှာ စစ်သားတွေ မူးပြီး သေနတ်နဲ့ ရမ်းကားပစ်ခတ်ခဲ့တယ်လို့ ဖြစ်စဉ်အနီးနား ရှိနေသူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်တွေကို သဘာဝဓာတ်ငွေ့ရည် (LNG) စွမ်းအင်သုံးလျှပ်စစ်စီမံကိန်းစက်ရုံတွေကရလာတဲ့ ဓာတ်အားကို ဖြန့်ဝေရာမှာ ၂၄ နာရီလျှပ်စစ်မီးပေးပြီးတစ်ယူနစ်ကို ၉၀၀ ကျပ်နူန်းနဲ့ ကောက်ခံသွားမယ်ဆိုတာကို စစ်ကောင်စီဘက်က လုပ်ငန်းရှင်တွေ ဆီ အသိပေးလာတယ်လို့သိရပါတယ်။

သတင်း

ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဒီဇင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်မြို့မှာမြန်မာစကားမပြောတဲ့ အသားဖြူဖြူ မျက်လုံးပေါက်ကျဉ်းကျဉ်း မျက်နှာစိမ်းတွေ တိတ်တဆိတ် ရောက်နေပါတယ်။ ကျားဖြန့်နှိမ်နင်းဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ တရုတ်ရဲတပ်ဖွဲ့က အရာရှိနဲ့ တပ်ဖွဲ့ဝင်တချို့ ရန်ကုန်မြို့မှာရောက်​​နေပြီလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ တရားရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။