Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မြို့ကို စစ်တပ်ပြန်ထိန်းချုပ်

တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို စစ်တပ်က စစ်မှုထမ်းတပ်သားအင်အားအများအပြားသုံး စစ်ကြောင်းထိုးပြီးနောက် ဧပြီ ၃၀ရက်မနေ့က ပြန်လည်ထိန်းချုပ်သွားတယ်လို့ သိရပါတယ်။

(မြို့သိမ်းတိုက်ပွဲတွေအတွင်း ပျက်စီးနေတဲ့ အင်းတော်ဟိုတယ်။ ဓာတ်ပုံ - CJ)

မေ-၁၊၂၀၂၆၊ရှိန်း/People’s Spring

တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အင်းတော်မြို့ကို စစ်တပ်က စစ်မှုထမ်းတပ်သားအင်အားအများအပြားသုံး စစ်ကြောင်းထိုးပြီးနောက် ဧပြီ ၃၀ရက်မနေ့က ပြန်လည်ထိန်းချုပ်သွားတယ်လို့ သိရပါတယ်။

စစ်မှုထမ်းသင်တန်းတွေပေးနေတဲ့ ခမရ(၁၁၉) တပ်ရင်းနဲ့ (၁၁၆)တပ်ရင်းတွေကို စစ်တပ်က ဧပြီမှာ ထီးချိုင့်မြို့ဘက်ကို အင်အားပို့ခဲ့တယ်လို့ သိရပါတယ်။ဒီတပ်တွေဟာ တပ်မ(၃၃)ရဲ့ လက်အောက်ခံတပ်တွေဖြစ်ပြီး မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊ဆင်ပွတ်ကြီးကျေးရွာအနီးမှာ ရှိပါတယ်။

ယခင်က သပိတ်ကျင်းစစ်ခွင်ကို စစ်တပ်ရဲ့ တပ်မ(၅၅)က တာဝန်ယူခဲ့ပြီး ထိုးစစ်ဆင်ခဲ့တာပါ။သပိတ်ကျင်းမြို့ကို ရခဲ့ပြီးတဲ့နောက် တွင်းငယ်ဘက်ကနေ တကောင်းမြို့ကို ထိုးစစ်ဆင်ချိန်မှာ တပ်အချိန်း‌‌အပြောင်းပြုလုပ်ပြီး တပ်မ(၃၃)ဟာ မန္တလေးတိုင်းမြောက်ပိုင်းနေရာ တွေကိုပါရောက်လာပြီး စစ်ကိုင်းတိုင်း ထိုးစစ် တွေမှာပါ ဝင်လာတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

တကောင်းမြို့ကနေတဆင့် ထီးချိုင့်မြို့ကို စစ်တပ်ဝင်ရောက်တပ်စွဲကာ ကသာမြို့ကို ထွက်တဲ့ဗျူဟာလမ်းပိုင်းကို အင်အားချထားစဉ်မှာလည်း အင်အားဖြည့်တင်းမှု တွေပြုလုပ်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်း မြစ်တချို့ဆီက သိရပါတယ်။

အဲဒီနောက် ထီးချိုင့်ကနေ ကသာမြို့ကို စစ်ကား၂၂စီးနဲ့ အင်အားတိုးပြီး မြို့ထဲက ခမရ (၃၀၉)တပ်ရင်းနဲ့ ပေါင်းကာ အင်းတော်မြို့ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ပါတယ်။

ကသာ-နဘား- အင်းတော်လမ်းအတိုင်းစစ်ကြောင်းထိုးလာပြီး ဧပြီ ၂၃ ရက်ကစတင်ကာ ကသာနဲ့ နဘားလမ်းဆုံကြားမှာ ထိတွေ့တိုက်ပွဲ တွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

ဧပြီ ၂၆ရက်မှာ စစ်ကြောင်းက နဘားလမ်းဆုံနဲ့ တစ်မိုင်အကွာကို ရောက်လာပြီး တိုက်ပွဲတွေဆက်တိုက်ပြင်းထန်ခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ဧပြီ၂၇နဲ့၂၈ရက်တွေမှာ စစ်တပ်စခန်းတစ်ခုကို တော်လှန်ရေး တပ်တွေ ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။စစ်တပ်က စစ်သားတစ်ဦးအရှင်ဖမ်းမိပြီး လက်နက် လေးလက်ရကာ ဗိုလ်ကြီးတစ်ဦး အပါအဝင် သေဆုံးမှုများခဲ့တယ်လို့ သိရပါတယ်။

“အရင်နေ့ကတော့ ကိုယ့်ဘက်ကဒဏ်ရာများတယ်။အသေးစား ဒရုန်းစထိမှန်တာ တွေပါ။၂၈ရက်နေ့ကတော့ မထိဘူး။ဒီလို စစ်တပ်ဘက်ကကျပြီးချိန်မှာ အသေခံဒရုန်း တွေတော့ ဆက်တိုက်လာနေတယ် “လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီနောက် စစ်တပ်ရဲ့ အသေခံဒရုန်းနဲ့ စစ်ကူအင်အားအများအပြားရောက်ကာ ဧပြီ ၂၉ရက် မှာ နဘားရွာကို စစ်တပ်စီးနင်းလိုက်တယ်လို့ သိရပါတယ်။

“ကသာကစထွက်လာချင်းက အင်အား၃၀၀ လောက်လို့သတင်းရတယ်။အဲတာပြီးတော့ အင်အားထောင်ချီစစ် ကြောင်းတွေ ပေါင်းသွားတယ်။ဒရုန်းနဲ့ လက်နက်ကြီး တွေဆက်တိုက်သုံးပြီး ဝင်စီးသွားတာ “လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

နဘားရွာနဲ့အင်းတော်မြို့ဟာ ၅မိုင်ခန့် ဝေးပေမယ့် ဒရုန်းသာလွန်အင်အားသုံးကာ စစ်တပ်က မြို့ကိုပြန်ထိန်းချုပ်သွားတာလို့ သိရပါတယ်။

ဧပြီ၂၃ ရက်ကစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပေမယ့် တပတ်အကြာမှာပဲ တော်လှန်ရေး တပ် တွေအင်း​ေတာ်မြို့ကို လက်လွှတ်လိုက်ရတာပါ။

၂၀၂၅ ဩဂုတ်ကစတင်ကာ စစ်တပ်က ဆုံးရှုံး နယ်မြေ အားလုံးကို တန်ပြန်ထိုးစစ်စတင်ခဲ့တာပါ။

လက်ရှိမှာ အင်းတော်မြို့ထဲက နေရာတွေကို စစ်တပ်က စီးနင်းထားပြီး မြို့ခံတွေကတော့ ၂၀၂၅ ဧပြီက တော်လှန်ရေးတပ် တွေသိမ်းယူပြီးချိန်ကတည်းကလေကြောင်းရန်ကြောင့် မြို့အတွင်းနေထိုင်တာ မရှိကြဘူးလို့ သိရပါတယ်။

လက်ရှိလည်း စစ်တပ်က မိုးကုတ်မြို့ကို စစ်အင်အားထောင်နဲ့ချီ ထပ်ပို့ထားပြီး ရှမ်းပြည်နယ်စပ်ကို စစ်ကြောင်းထိုးဖို့ပြင်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook