Connect with us

Hi, what are you looking for?

သတင်း

ထရမ့်ရဲ့ မဟာမိတ်ကို လော်ဘီအဖြစ် စစ်တပ် ငှားရမ်း

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရင်းနှီးသူ၊ မိတ်ရင်းဆွေရင်း မဟာမိတ် တစ်ဦးလို့ လူသိများတဲ့ ရော်ဂျာစတုန်းကို လော်ဘီအဖြစ် ဆောင်ရွက်ပေးဖို့ အာဏာသိမ်း မြန်မာစစ်တပ်က ငှားရမ်းခဲ့ပါတယ်။

(အာဏာသိမ်းစစ်တပ်အတွက် ​လော်ဘီလုပ်​ပေးဖို့လက်မှတ်ထိုးခဲ့တဲ့ ရော်ဂျာစတုန်း။ဓါတ်ပုံ-ရိုက်တာ)

​မေ-၁၊၂၀၂၆။People’s Spring

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ရင်းနှီးသူ၊ မိတ်ရင်းဆွေရင်း မဟာမိတ် တစ်ဦးလို့ လူသိများတဲ့ ရော်ဂျာစတုန်းကို လော်ဘီအဖြစ် ဆောင်ရွက်ပေးဖို့ အာဏာသိမ်း မြန်မာစစ်တပ်က ငှားရမ်းခဲ့ပါတယ်။

နိုင်ငံရေး လော်ဘီရပ်ဝန်းမှာ ကာလအတော်ကြာ ငြိမ်သက်နေခဲ့တဲ့နောက် စတုန်းကလော်ဘီအလုပ် ပြန်လုပ်တော့မယ့်အကြောင်းသတင်းတွေထွက်ပေါ်လာပြီး မကြာခင်မှာပဲ မြန်မာစစ်တပ်အတွက် အလုပ်လုပ်ပေးမယ့် အကြောင်းကို Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

စတုန်းဟာ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်နေတဲ့ အတုအယောင် အရပ်သား အစိုးရ အမည်ခံ အဖွဲ့အစည်းကို အမေရိကန် အစိုးရနဲ့ ပြန်လည်သင့်မြတ်ပေးနိုင်အောင် ကူညီပေးဖို့ အဓိက တာဝန်ယူသွားဖွယ်ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

စတုန်းဟာအမေရိကန်ရွေးကောက်ပွဲမှာရုရှားစွက်ဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးရာမှာ စွက်ဖက်ဖို့ ကြိုးစားခဲ့တာ၊လွှတ်တော်ကြားနာမှုတွေမှာ လိမ်လည်ထွက်ဆိုတာ၊ တရားစီရင်မှုတွေကို နှောင့်ယှက်တာ၊ သက်သေတွေကိုခြိမ်းခြောက်တာဆိုတဲ့ရာဇဝတ်ပြစ်မှု ၇ ခုအတွက် ပြစ်မှုထင်ရှားကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူဟာ ထောင်ဒဏ် လပေါင်း ၄၀ ချမှတ်ခံရပေမယ့် ထရမ့်က အပြည့်အဝ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

အဲဒီလို နာမည်ပျက်ရှိနေတဲ့ လော်ဘီတစ်ယောက်ကို စစ်တပ်က ငှားရမ်းပြီးထရမ့်ရဲ့အစိုးရဆီ ချဉ်းကပ်နိုင်အောင် ကြိုးစားလာမယ့်သဘောပါ။ လောလောဆယ်မှာတော့စစ်တပ်ဟာ၂၀၂၁ခုနှစ် အာဏာသိမ်းမှုကို အကြောင်းပြုပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကို ခံထားရပါတယ်။

အခုသီတင်းပတ်ထဲမှာစတုန်းဟာစစ်တပ်ရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ လက်တွဲအလုပ်လုပ်ဖို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း နိုင်ငံရပ်ခြား အေးဂျင့်များ မှတ်ပုံတင်ခြင်း အက်ဥပဒေအရ ထုတ်ပြန်တဲ့ မှတ်တမ်းဖိုင်တွေမှာ ဖော်ပြထားပါတယ်။ သူဟာ စစ်တပ်အတွက် လက်ရှိ လော်ဘီလုပ်ပေးနေတဲ့ အမေရိကန် ကုမ္ပဏီ DCI Groupနဲ့ လက်တွဲပြီးတာဝန်ယူသွားမှာဖြစ်ပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေဆီက မျက်နှာသာပေးမှုကို ရရှိဖို့ အာဏာရှင်တွေက လော်ဘီတွေ ငှားရမ်း အသုံးပြုတာဟာ လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခု ဖြစ်ပါတယ်။ အာဏာသိမ်းပြီး အစောပိုင်း ကာလတွေတုန်းက စစ်တပ်ဟာ Dickens & Madson ဆိုတဲ့ကနေဒါလော်ဘီကုမ္ပဏီကိုဒေါ်လာ ၂ သန်းနဲ့ ငှားရမ်းခဲ့ဖူးသလို ၂၀၂၅ ခုနှစ်မှာလည်း DCI Group လော်ဘီ ကုမ္ပဏီကို ဒေါ်လာ ၃ သန်းနဲ့ ငှားရမ်းခဲ့ပေမယ့်အကျိုးမထူးခဲ့ပါဘူး။

ဝါရင့်ရီပတ်ဘလစ်ကန် ပါတီဝင်တဦးဖြစ်တဲ့ စတုန်းဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေ ကတည်းက ထရမ့်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။ လော်ဘီ လောကမှာ လှည့်စားတတ်တဲ့လူညစ်လို့ နာမည်ပြောင် ရထားတဲ့ စတုန်းဟာ ၂၀၁၆ ရွေးကောက်ပွဲ အစောပိုင်းကာလတွေတုန်းက ထရမ့်ရဲ့ မဲဆွယ်ရေး အကြံပေး တစ်ဦးအဖြစ် တာဝန်ယူပေးခဲ့ပါတယ်။

ကိုးကား- Bloomberg

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။