Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုက စစ်တပ်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှု စစ်သားနဲ့ရဲ ၇ဦး သေဆုံး၊ လက်နက်ခဲယမ်းတွေရဟု PDFပြော

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်တပ်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ရဲ ၇ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေရတယ်လို့ Southern YSO PDFက ဒီကနေ့ မေလ ၂ရက်မှာ ထုတ်ပြန်ပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်တပ်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ရဲ ၇ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေရတယ်လို့ Southern YSO PDFက ဒီကနေ့ မေလ ၂ရက်မှာ ထုတ်ပြန်ပါတယ်။

မေ -၂၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်တပ်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ရဲ ၇ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေရတယ်လို့ Southern YSO PDFက ဒီကနေ့ မေလ ၂ရက်မှာ ထုတ်ပြန်ပါတယ်။

ဧပြီ ၃၀ ရက်နေ့လယ် ၁၁ နာရီခွဲခန့်မှာ ရေစကြိုမြို့နယ်က တောင်အိုကျေးရွာမှာရှိတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ် လက်အောက်ခံ ရဲ ခြောက်ဦးနဲ့ စစ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း G3 ၂လက်၊MA3 ၁လက်MA13 ၁လက်၊ခြောက်လုံးပြူး ၁လက်နဲ့ ကျည်တွေအပြင်ဖုန်း ၄လုံးနဲ့အခြား ပစ္စည်းတချို့သိမ်းရခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တိုက်ခိုက်မှုအတွင်း အပြစ်မဲ့ ပြည်သူတစ်ဦး ကျည်ထိမှန် အသက်ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက် လည်း သေဆုံးသူမိသားစုဝင်တွေကို အနူးအညွတ် တောင်းပန်တယ်လို့ Southern YSO PDF တာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်မှုစတင်ချိန်မှာ တဖက်ကပြန်လည်ခုခံပစ်ခတ်မှုတွေဖြစ်လို့ အခြေအနေအရ ထိန်းချုပ်ရန်မဖြစ်နိုင်လို့ အပြစ်မဲ့ပြည်သူ ထိခိုက်ခဲ့ရတာလို့ ဆိုပါတယ်။

တောင်အိုကျေးရွာ စစ်တပ်ဂိတ်တိုက်ခံရပြီးနောက် ရေစကြိုမြို့အခြေစိုက် ခလရ(၂၅၈)တပ်ရင်းက အင်အား ၁၈၀ဝန်းကျင်နဲ့ ရေစကြို-ပခုက္ကူလမ်းပိုင်းကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် စစ်တပ်စစ်ကြောင်းက နေအိမ် ၃၀၀ဝန်းကျင်ရှိတဲ့ တောင်အိုကျေးရွာကို ဒီကနေ့အထိ မီးရှို့နေတယ်လို့လည်း သိရပါတယ်။

မေလ ၁ ရက်က တောင်အိုရွာမီးရှို့မှုအတွင်း နေအိမ် ၃၀ ခန့်ပျက်စီးဆုံးရှုံးပြီး ဒီကနေ့(မေလ ၂ ရက်)မှာလည်း စစ်တပ်က မီးဆက်ရှို့နေတယ်လို့ ရေစကြိုတောင်ပိုင်းထောက်ပို့အဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့ဘက်ကနေလည်း စစ်တပ်က အင်အား ၂၀၀ဝန်းကျင်နဲ့ ပခုက္ကူ-ရေစကြိုလမ်းပိုင်းက ကျောက်လှေခါးကျေးရွာမှာ စုဖွဲ့ရောက်ရှိနေတယ်လို့ အသိပေးပါတယ်။

စစ်ရေးလှုပ်ရှားမှုတွေအရ စစ်တပ်က ပခုက္ကူ-ရေစကြိုလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုပမ်းနေတာလို့ ဒေသခံသတင်းရင်းမြစ်က သုံးသပ်ပါတယ်။

“စစ်တပ်ရဲ့ အရေးပေါ်ကြေညာထားတဲ့ မြို့နယ် ၆၀မှာ ရေစကြိုမြို့နယ်ပါတယ်။အဲဒါကြောင့်လည်း နယ်မြေရှင်းလင်းမယ့်ပုံစံမျိုး”လို့ သူက ပြောပါတယ်။

ရေစကြိုမြို့အနောက်ဘက် (၂)မိုင်ခန့်အကွာ ဖူလုံရွာအနီးမှာ စစ်တပ်ရဲ့ အမှတ်-၂၅၆၊ ၂၅၇ နဲ့ ၂၅၈ ခြေလျင်တပ်ရင်းတွေ ရှိပါတယ်။ဒါ့အပြင် ပခုက္ကူမြို့နယ်နဲ့ ဆက်စပ်နေတာကြောင့်လည်း ပခုက္ကူမြို့ အခြေစိုက် တပ်မ(၁၀၁)က ရေစကြိုမြို့နယ်ကို မကြာခဏ စစ်ကြောင်းထိုးတာရှိပါတယ်။

https://www.facebook.com/reel/4564948220401807

ရုပ်သံ – Southern YSO PDF

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ခြေလျင်တပ်ရင်း ခလရ(၂၅၆)တပ်ရင်း က လက်နက်ကြီးတွေ နေ့စဥ် ရမ်းသမ်းပစ်ခတ်နေလို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်ရဲ့ ခလရ(၂၅၆)တပ်ရင်းက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၂ ဦး သေဆုံးပြီး ကလေး ၁ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။