Connect with us

Hi, what are you looking for?

News

စစ်တပ်နှင့် ပျူများ မီးရှို့ဖျက်ဆီးခဲ့​သော ကဲဘာရွာ မီး​ဘေးသင့်ပြည်သူများကို ​ဒေသကာကွယ်​ရေးတပ်များက ရိက္ခာနှင့် ပစ္စည်းများ သွား​ရောက်​ထောက်ပံ့

လက်ရှိတွင် ပြန်စရာနေအိမ်မရှိတော့သော ကဲဘာဒေသခံများသည် လှည်းများ၊ တောတဲများ၌ အိပ်စက်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးကျန်းမာရေးအခက်အခဲများတွေ့နေရကြောင်းလည်း ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့များ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သည့် အရာတော်မြို့နယ် ကဲဘာရွာ မီးဘေးသင့် ပြည်သူများအား ဒေသခံကာကွယ် ရေးတပ်ဖွဲ့များက ရိက္ခာနှင့် အသုံးအ​ဆောင်ပစ္စည်းများ သွား​ရောက်ထောက်ပံ့ကူညီခဲ့သည်။

ဝက်လက် တပ်ရင်းနှင့် စစ်ကိုင်းခရိုင် တပ်ရင်း (၁)တို့ ဦးဆောင်ပြီး ရိက္ခာနှင့်‌အသုံး အဆောင်ပစ္စည်းများကို မီးဘေးသင့် ကဲဘာရွာပြည်သူများထံ ဒီဇင်ဘာ ၁၄ ရက်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြန်စရာနေအိမ်မရှိတော့သော ကဲဘာဒေသခံများသည် လှည်းများ၊ တောတဲများ၌ အိပ်စက်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးကျန်းမာရေးအခက်အခဲများတွေ့နေရကြောင်းလည်း ဆိုသည်။

“အိမ်ခြေပျက်စီးသွားခဲ့တဲ့ အတွက် ဖြစ်သလို အိပ်နေရတာ ခန့်မှန်း ၃၀၀ လောက်ရှိတယ်။ကျွန်တော်တို့ တပ်ဖွဲ့တွေလည်း အတက်နိုင်ဆုံးရှိသမျှကူနေတယ်။ဒါပေမယ့် မပြည့်စုံသေးဘူး။ဒါကြောင့် ဒေသတွင်းနဲ့ တစ်နိုင်ငံလုံးက ပြည်သူတွေ တက်နိုင်သမျှကူညီကြဖို့ တိုက်တွန်းပါတယ်”ဟု အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု ARA မှ ဗိုလ်ပေါက်စီက ပြောသည်။

Public Service Announcement

Public Service Announcement

အရာတော်မြို့နယ် ကဲဘာရွာကို ဒီဇင်ဘာ၁၃ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့်ပျူစောထီးပူးပေါင်းအဖွဲ့များက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ရွာကိုမီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၁၀၀ ခန့်အနက် ၈၀ကျော်မီးလောင် ပျက်စီးခဲ့သည်။

မြေပေါ်မြေအောက် စစ်အာဏာရှင်တော်လှန်ရေးအားကောင်းသည့် အရာတော်မြို့နယ်တွင် တော်လှန်ရေးအင်အားစု များစွာပေါ်ထွက်နေသကဲ့သို့ တဖက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီက ၎င်း၏ အမာခံရွာများမှ အမျိုးသားများကို စစ်သင်တန်းပေးခြင်းနှင့် လက်နက်များ တပ်ဆင်ပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook