Connect with us

Hi, what are you looking for?

သတင်း

ရဲကွန်မန်ဒိုဆိုတဲ့စစ်ကြောင်း မြင်းခြံနယ်မှာ ပြည်သူတွေရဲ့လုံချည်၊ထဘီတွေပါမချန် ခိုးယူ​နေ

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေဟာ ပြည်သူ​တွေရဲ့နေအိမ်တွေက အင်္ကျီ၊လုံချည်၊ထဘီ တွေကိုပါခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ် နေတယ်လို့ ​ဒေသခံပြည်သူ​တွေ နဲ့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

(၂၀၂၆ ဇူလိုင် ၂ ရက်မှာ မလှိုင်မြို့နယ်ကိုစစ်​ကြောင်းထိုးလာတဲ့ ရဲတပ်ရင်း(၈) တပ်ခွဲ(၁)မှ အင်အား ၁၁၀ ပါရဲစစ်​​ကြောင်းကိုPDF ​တွေကတိုက်ခိုက်ပြီး သုံ့ပန်းအချို့ကိုဖမ်းဆီးထားစဥ်။ဓါတ်ပုံ-နွားထိုးကြီးPDF)

စက်တင်ဘာ-၂၅၊၂၀၂၆။ကတ်သရင်း/ People’s Spring

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကို ရဲကွန်မန်ဒိုဆိုပြီး စစ်ကြောင်းထိုးလာတဲ့စစ်တပ်လက်​အောက်ခံလက်နက်ကိုင်အဖွဲ့​တွေဟာ ပြည်သူ​တွေရဲ့နေအိမ်တွေက အင်္ကျီ၊လုံချည်၊ထဘီ တွေကိုပါခိုးယူနေတာမို့ စစ်ဘေးရှောင်ပြည်သူတွေအခက်အခဲဖြစ် နေတယ်လို့ ​ဒေသခံပြည်သူ​တွေ နဲ့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

စက်တင်ဘာလ၁၅ ရက်ကစပြီး နွားထိုးကြီးမြို့နယ်ဘက်ကနေ မြင်းခြံမြို့ကို အင်အား ၄၀၀ ခန့်နဲ့ ရဲကွန်မန်ဒိုဆိုတဲ့ရဲ​တွေ ၊စစ်သား​တွေစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းတွေလာလို့ ထွက်​ပြေးတိမ်း​ရှောင်​​နေတဲ့ ပြည်သူ​တွေရဲ့နေအိမ်တွေက အဝတ်အစား၊ထဘီ၊အင်္ကျီ တွေပါမချန်​တွေ့သမျှ အဖိုးတန်မယ်ထင်တဲ့ပစ္စည်းတွေကို ကား၊ဆိုင်ကယ်တွေနဲ့ ခိုးယူသယ်​ဆောင်​နေတာလို့ ​ဒေသခံ​တွေနဲ့​တော်လှန်​ရေးရဲ​ဘော်အချို့က​ပြောပါတယ်။အဲလိုခိုးယူလာတဲ့ ပစ္စည်း​တွေကို နောက်ချန်စစ်တပ်က နွားထိုး-မြင်းခြံလမ်းပိုင်းအထိ ကားအကြီး ‌တွေနဲ့လာသယ်တာတွေလုပ် နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ပြည်သူ တွေက ရုတ်တရက်ထွက် ပြေးရတော့ အရေးကြီးတာတွေပဲယူကြရတာပေါ့။အဲဒီတော့ ဒီအဝတ် တွေ ဘာ တွေကျန်တာ ပေါ့။အဲတာကိုတောင်မချန်အကုန်သယ် နေတာ။ဒီအချိန်က မိုးရာသီ‌ဆို တော့ စစ်ရှောင် တွေက ဒုက္ခရောက်တာပေါ့။စားနပ်ရိက္ခာ၊ဆေးဝါး၊အဝတ်အထည်ကအစ။ဒီကြားထဲ တောထဲက စစ်ရှောင်တွေရှိတဲ့နေရာ တွေကိုပါ ကင်းထောက် ဒရုန်းနဲ့ဝဲပြီး စစ်တပ်က ဗုံးလိုက်ကြဲ သေးတယ်”လို့ မြို့နယ်ပကဖ သတင်းပြန်ကြား ရေးတာဝန်ခံက ပြောပါတယ်။

စစ်​ကြောင်းထိုးတဲ့ရွာ​တွေက ပြည်သူ​တွေစု​ပေါင်းဝယ်ယူထားတဲ့ မီးစက်​တွေကိုပါ စစ်တပ်စစ်​ကြောင်း​တွေက ဖြုတ်ပြီးခိုးယူတယ်လို့ ​ဒေသခံ​တွေကလည်း​ပြောပါတယ်။

လက်ရှိ အဲဒီစစ်ကြောင်းတွေဟာကံစွယ်၊သင်ပြွန်း၊ပျိုးကန် ရွာတို့ကိုရောက် နေတယ်လို့သိရပါတယ်။

“​ရွာ​တွေက တွေ့သမျှအကုန်ယူတာ။ပြီးရင်ကား​တွေနဲ့ တိုက်သယ်သွားတာ”လို့ မြင်းခြံမြို့နယ်ရှိ​ကျေးရွာတရွာက ပြည်သူတဦးက​ပြောပါတယ် ။ဒါအပြင် ​စစ်​ကြောင်းထိုးတဲ့ရွာ​တိုင်းနီးပါးကိုလည်း မီးရှို့ဖျက်ဆီးတယ်လို့​​ဒေသခံ​တွေက​ပြောပါတယ် ။

ဒါ့အပြင်​စစ်​ကြောင်းနဲ့တွေ့တဲ့ ဒေသခံတချို့ကို ဖမ်းဆီးရိုက်နှက်တာ ၊ဖုန်းတွေသိမ်းယူတာ တွေလည်းလုပ်တယ်လို့ သိရပါတယ်။

မြင်းခြံမြို့နယ်မှာ စစ်ကြောင်းတွေ ဆက်တိုက်ထိုး နေတာမို့ ကာလရှည်စစ် ရှောင်ပြည်သူ တွေလည်းရှိ​​တေပြီး အခက်အခဲ‌‌ဖြစ် နေတာကြောင့် ပြည်သူတွေအနေနဲ့ စစ်​ရှောင်ပြည်သူ​တွေကိုနိုင်တာ ဝိုင်းဝန်းကူညီထောက်ပံ့ ပေးကြဖို့လည်း မြို့နယ်ပကဖ သတင်းတာဝန်ခံက ​​မေတ္တာရပ်ခံပါတယ်။

စစ်တပ်က မြင်းခြံ မြို့နယ်ကို မြေပြင်ထိုးစစ်တင်မကဘဲ လေကြောင်း၊လက်နက်ကြီး တွေပါပစ်ခတ် နေပြီး စက်တင်ဘာလ၂၃ ရက်နေ့က ခလရ (၁၅)က နေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမှာ ဘကကျောင်းက KGကလေးငယ်တဦး သေဆုံးပြီး ၂ဦး ဒဏ်ရာပြင်းထန်ရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

Facebook