Connect with us

Hi, what are you looking for?

သတင်း

တီးတိန်ကို အင်အားဖြည့်ဖို့ကြိုးပမ်းနေတဲ့ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ ၅ရက်ဆက် တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်တပ်က အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ ကလေး-တီးတိန်လမ်းပိုင်းမှာ တိုက်ပွဲတွေ ၅ရက်ဆက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(တိုက်ပွဲတွေကြောင့် တီးတိန်မြို့ တနေရာ မီးလောင်ကျွမ်းနေတဲ့မြင်ကွင်း။ ဓာတ်ပုံ - SB Khampi၊ ပုံအဟောင်းဖြစ်ပါတယ်)

မေ-၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်တပ်က အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ ကလေး-တီးတိန်လမ်းပိုင်းမှာ တိုက်ပွဲတွေ ၅ရက်ဆက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ချင်းမြောက်ပိုင်း တီးတိန်မြို့ကို PDF Zolandပါဝင်တဲ့ ချင်းညီနောင်မဟာမိတ်တပ်တွေက သိမ်းပိုက်မယ်ဆိုတဲ့ သတင်းတွေ ရှိနေချိန်မှာ စစ်တပ်က တီးတိန်မြို့ကို စစ်ဆင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတာပါ။

အဲဒီလို ကြိုးပမ်းလာလို့ မေလ ၁ရက်ကနေ ဒီကနေ့ မေလ ၅ရက်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ စစ်တပ်စစ်ကြောင်းကို ချင်းညီနောင်၊ ချင်းအမျိုးသားတပ်မတော် (NCA) ပါဝင်တဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေက ခုခံနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

” ဒီစစ်ကြောင်းမတားနိုင်ဘူးဆိုရင်တော့ မြို့သိမ်းဖို့ကခက်သွားမယ်”လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ လက်ရှိမှာ တီးတိန်မြို့နဲ့ မိုင် (၂၀)အကွာလောက်ရောက်လာပြီလို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

” အင်အားကတော့ ၃၀၀ လောက်ရှိတယ်။ ပြဿနာက သူတို့ဖလမ်းရပြီဆိုတော့ဖလမ်းကနေ ပြန်ခေါက်လာတာရှိတယ်။ ပထမဆုံးက ၂၀၀ လောက်ပဲရှိမယ်လို့စဉ်းစားတာ။ အခုဖလမ်းကပြန်တက်တာရောဆို နည်းနည်းများသွားပြီ”လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

မေလ ၄ရက်ညမှာလည်း စစ်တပ်စစ်ကြောင်း ထပ်မံတက်လာလို့ အင်အားကို ခန့်မှန်းဖို့ခက်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် စစ်တပ်က လေဝကြာင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေလို့ ချင်းတော်လှန်ရေးရဲဘော်တွေ ထိခိုက်မှု ရှိတယ်လို့လည်း အသိပေးပါတယ်။

“အကျအဆုံးလည်း သူတို့မှာလည်း တော်တော်များတယ်။ ကျနော်တို့မှာလည်း အကျအဆုံးရှိတယ်။ သူတို့ကတော်တော်များတယ်”လို့ ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေ စုစည်းပြီး ပူးပေါင်းတိုက်ခိုက်မှသာ စစ်တပ်တပ်စစ်ကြောင်းကို ဟန့်တားနိုင်မယ်လို့လည်း ပြောပါတယ်။

စစ်တပ်ဟာ တီးတိန်နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ဖလမ်းမြို့ကို ဧပြီ နောက်ဆုံးပတ်မှာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် ဖလမ်းနဲ့ ဟားခါးလမ်းပိုင်းဆက်လက်ထိန်းချုပ်နိုင်ဖို့ စစ်တပ်ထိုးစစ်ဆင်နေလို့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ ဧပြီလကုန်ပိုင်းကစ တိုက်ပွဲ ဖြစ်ပွားနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။