Connect with us

Hi, what are you looking for?

သတင်း

အညာဒေသမှာ Kpay အကောင့်တွေဝယ်နေတာဟာ ကျားဖြန့်နဲ့ဆက်စပ်နေကြောင်း CDM ဘဏ်ဝန်ထမ်းရဲဘော် ပြော

အညာဒေသမှာ KPayအကောင့် ဝယ်ယူနေတာတွေဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပြောပါတယ်။

ဓါတ်ပုံ- ပကဖ အသံ Screen grab

မေ-၅၊ ၂၀၂၆။ဟာနာဆန်/People’s Spring

အညာဒေသမှာ KPayအကောင့် ဝယ်ယူနေတာတွေဟာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပြောပါတယ်။

အညာဒေသမှာ KBZ Pay အကောင့်တွေ လာရောက်ဝယ်ယူနေတာတွေနဲ့ပတ်သက်ပြီး CDM ဘဏ်ဝန်ထမ်းဟောင်း ရဲဘော်တစ်ဦးက ပကဖအသံစာမျက်နှာကနေ ပြောပြခဲ့တာပါ။ ၎င်းရဲ့ပြောကြားချက်အရ အညာဒေသမှာ မှတ်ပုံတင် နံပါတ်နဲ့ Face ID စနစ်(မျက်နှာမှတ်တမ်းတင် စနစ်)ကိုပါ အသုံးပြုပြီး KPay အကောင့်တစ်ခု ငါးသောင်းကျပ်နဲ့ လာဝယ်လို့ ဒေသခံတွေဟာ အစုလိုက်အပြုံလိုက် သွားရောင်းနေကြတယ်လို့ ပြောပါတယ်။

” Kpay ဖွင့်တာနဲ့ ငွေရတယ်ဆိုတာက သမားရိုးကျလုပ်ငန်း ဟုတ်မနေဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဘဏ်ဝန်ထမ်း CDM ဖြစ်သည့်အလျောက် ဒီကိစ္စသည် သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာကို ကျွန်တော်ကောင်းကောင်းသိတယ်။”လို့ ၎င်းရဲဘော်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပင်မစေခိုင်းသူက KPay အကောင့်တစ်ခု ကျပ် တစ်သိန်းပေးပြီး ဝယ်ယူရာမှာ ကြားခံပွဲစားက ကျပ် ၄ သောင်း၊ လူရှာပေးသူက ကျပ် ၁သောင်းနဲ့ မှတ်ပုံတင်ရှင်က ကျပ် ၅ သောင်း အသီးသီး ခွဲဝေကြောင်း၊ အကောင့်ဖွင့်၍ မရပါကလည်း မှတ်ပုံတင် ပိုင်ရှင်ကိုခရီးစရိတ်အဖြစ်ကျပ်တစ်သောင်း ပြန်ပေးကြောင်း သိရပါတယ်။

အဲဒီလိုဝယ်ယူနေတာတွေဟာ သမားရိုးကျလုပ်ငန်းမဟုတ်ဘဲ အွန်လိုင်းကျားဖြန့်ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နိုင်​ကြောင်း ၎င်းက ပြောပါတယ်။

“ဒီအကောင့်တွေရဖို့အတွက် နောက်ကွယ်ကနေ ငွေပေးတဲ့သူပေါ့။ ဒီလူတွေကတော့ အွန်လိုင်း ကျားဖြန့် ငွေလိမ်လုပ်ငန်းက လူတွေပဲ ဖြစ်ဖို့များပါတယ်။ သူများရဲ့ Face ID နဲ့ မှတ်ပုံတင်နံပါတ်ကိုသုံးပြီးတော့ K Pay ဖွင့်ပြီးတော့ ငွေပေးပြီးယူသွားတယ်ဆိုကတည်းက သမာအာဇီဝကျကျ နည်းလမ်းတော့ ဟုတ်မနေဘူး။ ဆက်စပ်တယ်လို့တော့ ပြောလို့ရတယ်”လို့ ၎င်းက ဆိုပါတယ်။

ပြည်သူတွေဟာ လက်တလောစားဝတ်နေရေး ပြေလည်ဖို့အတွက် မိမိမှတ်ပုံတင်နံပါတ်နဲ့ Face ID ကို ရောင်းချနေရခြင်းသာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

“၅ ယောက်ရှိတဲ့ မိသားစုတစ်အိမ်က ၅ ကောင့်ဖွင့်လိုက်တယ်ဆို ၂ သိန်းခွဲရတယ်။ ဆန်ကြမ်းနှစ်အိတ်စာ ရတယ်။ ဒီပုံစံမျိုးနဲ့ ငွေအလွယ်ရတဲ့ လက်တလောအကြပ်အတည်းကို ပြေလည်နိုင်တဲ့ ဖြေရှင်းတဲ့ပုံစံမျိုးနဲ့ မသိနားမလည်တဲ့ ပြည်သူဟာ သူတို့ရဲ့ မှတ်ပုံတင်နံပါတ်တွေကို ရောင်းလိုက်တဲ့သဘောမျိုး ဖြစ်သွားတယ်။”လို့ ၎င်းက ရှင်းပြပါတယ်။

ဒီဖြစ်စဥ်တွေမှာ ဘဏ်ဝန်ထမ်းတွေလည်း ပါဝင်ပတ်သက်မှုရှိနိုင်ကြောင်း ၎င်းက ပြောပါတယ်။

ဒါ့ကြောင့် ၎င်းတို့အနေနဲ့ ရပ်ကျေးတိုက်နယ်အသီးသီးက ပကဖနဲ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ၊ ပြည်သူတွေကို KPay အကောင့်ရောင်းချတာရဲ့ အန္တရာယ်တွေ၊ ပြည်သူလူထု ဘယ်လောက်အထိ ထိခိုက်နစ်နာနိုင်လဲဆိုတာတွေကို အသိပညာပေးနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လပိုင်းအတွင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက ရွာတွေမှာ KPayအကောင့်တွေလာဝယ်နေလို့ ပြည်သူတွေအများအပြား သွားရောက်ရောင်းချခဲ့ကြပါတယ်။ ဒါ့အပြင် ယမန်နှစ်အတွင်းကပဲ မန္တလေးတိုင်းထဲက မန္တလေး၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မလှိုင် စတဲ့ဒေသတွေမှာလည်း KPayအကောင့်လာရောက်ဝယ်ယူတာတွေရှိခဲ့ပြီး မန္တလေးမှာဆိုရင် KPayအကောင့်ရောင်းချခဲ့တဲ့ပြည်သူအချို့ကို ငွေလိမ်လုပ်ငန်းနဲ့ဆက်စပ်လို့ဆိုပြီး ဖမ်းဆီးခံရတာတွေ ရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။