Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့အာဆီယံအထူးကိုယ်စားလှယ် တွေ့ဆုံခွင့်ပြုဖို့ အာဆီယံ ဥက္ကဋ္ဌ တောင်းဆို

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဏာသိမ်း မြန်မာ စစ်တပ်ကို ဖိလစ်ပိုင် အစိုးရက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

(၂၀၁၇ ဧပြီလက ဖိလစ်ပိုင်နိုင်ငံမှာကျင်းပတဲ့ အာဆီယံအစည်းမ​ဝေးသို့ နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်​ရောက်ရှိလာရာ ဖိလစ်ပိုင်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုဆိုစဥ်။ ဓါတ်ပုံ-GMA )

​မေ-၆၊၂၀၂၆။People’s Spring

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အာဏာသိမ်း မြန်မာ စစ်တပ်ကို ဖိလစ်ပိုင် အစိုးရက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက၅နှစ်ကျော်ကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့အိမ်ကိုရွှေ့ပြောင်းပေးထားကြောင်းစစ်တပ်ကကြေညာပြီးတဲ့နောက် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ဖိလစ်ပိုင်ဆီကနေ အခုလို တိုက်တွန်းမှုမျိုး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံခွင့် ရမယ်ဆိုရင်အစုအဖွဲ့ပေါင်းစုံပါဝင်တဲ့ အမျိုးသားရင်ကြားစေ့ရေး ဆွေးနွေးမှုတွေ ဖြစ်မြောက်လာအောင်အထောက်အပံ့ဖြစ်စေနိုင်ကြောင်း မေလ၆ရက်နေ့ ထုတ်ပြန်ချက်မှာဖိလစ်ပိုင်က ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အခုလို လုပ်ငန်းစဉ်မျိုးတွေဟာမြန်မာနိုင်ငံရဲ့ ရေရှည် တည်ငြိမ်ရေးအတွက် လိုအပ်တဲ့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ အရေးပါတဲ့ ခြေလှမ်းတွေ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ဖိလစ်ပိုင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အာဏာသိမ်း စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ တွေ့ဆုံခွင့်ပြုဖို့ တိုက်တွန်းခဲ့ပြီး ဒီလုပ်ရပ်ဟာ အမျိုးသား ရင်ကြားစေ့ရေးအတွက် စစ်မှန်တဲ့ စိတ်ရင်းစေတနာကို ပြသတဲ့ သဘောမျိုး ဖြစ်လာလိမ့်မယ်လို့ အကြံပြုခဲ့ပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခြင်းဟာမြန်မာ့အမျိုးသား ပြန်လည်သင့်မြတ်ရေး အားထုတ် ဆွေးနွေးမှုတွေအတွက် ကြီးမားတဲ့ အကျိုးသက်ရောက်မှုမျိုး ပေးစွမ်းနိုင်မယ်လို့လည်း ဖိလစ်ပိုင်က ဆိုပါတယ်။

စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့အိမ်ကိုပြောင်း​ရွေ့ပေးလိုက်ကြောင်း မေလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူနီဖောင်းဝတ် အရာရှိနှစ်ယောက် အတူထိုင်ပြီး စကားပြောနေတဲ့ ခပ်ဝါးဝါး ဓာတ်ပုံတစ်ပုံကလွဲရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်တဲ့ ဘာသတင်း အချက်အလက်ကိုမှ အတိအကျ မထုတ်ပြန်ခဲ့ပါဘူး။အဲဒီဓာတ်ပုံကတောင်လတ်တလောမှာ ရိုက်ကူးထားတာ ဟုတ်မဟုတ် အငြင်းပွားစရာတွေ ဖြစ်နေပါတယ်။

နေအိမ်ကို​ပြောင်းထားတယ်ဆိုတဲ့သတင်းကို ကြေညာအပြီးမှာတော့ ရှေ့နေတွေက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် တွေ့ဆုံဖို့ စီစဉ်နေကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့ပေမယ့် လက်တွေ့မှာတော့ တွေ့ခွင့်မရခဲ့ဘူးလို့ ရှေ့နေအဖွဲ့ဝင် တစ်ဦးက ပြောကြားခဲ့ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲ တစ်ခုကို အသုံးချပြီး သမ္မတ ရာထူးကို ရယူခဲ့တဲ့နောက် နိုင်ငံတကာ အသိအမှတ်ပြုမှုတွေ ရရှိနိုင်ရေး ပိုမို အားထည့် ကြိုးစားလာနေပါတယ်။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးလိုက်တာနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားရာကနေ သတ်မှတ်ထားတဲ့အိမ်ကိုပြောင်းလဲ​ပေးတယ်လို့ကြေညာတာတွေဟာ မင်းအောင်လှိုင် ဦးဆောင်တဲ့ အုပ်ချုပ်ရေး အစုအဖွဲ့က နိုင်ငံတကာနဲ့ ထိတွေ့မှုတွေ မြှင့်တင်နိုင်အောင် ရည်ရွယ်ထားတဲ့ အစီအမံတွေသာဖြစ်ကြောင်း ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။