Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲပြီး ခြေလျင်တောင်တက်သမား ၃ ဦးသေ

အင်ဒိုနီးရှား နိုင်ငံမှာ မီးတောင်ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နောက် ခြေလျင်တောင်တက်သမား ၃ ဦး သေဆုံးခဲ့ပြီး တခြား ၁၇ ဦးကတော့ ဘေးကင်းကင်းနဲ့ လွတ်မြောက်လာခဲ့ကြပါတယ်။

ဓာတ်ပုံ - Reuters

အင်ဒိုနီးရှား နိုင်ငံမှာ မီးတောင်ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နောက် ခြေလျင်တောင်တက်သမား ၃ ဦး သေဆုံးခဲ့ပြီး တခြား ၁၇ ဦးကတော့ ဘေးကင်းကင်းနဲ့ လွတ်မြောက်လာခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း၊ ဟယ်မာဟီရာ ကျွန်းပေါ်မှာရှိတဲ့ ဒူကိုနို မီးတောင်ဟာ မေလ ၈ ရက် မနက်တုန်းက ပေါက်ကွဲခဲ့တဲ့နောက် စင်ကာပူ ၉ ဦးနဲ့ အင်ဒိုနီးရှား ၁၁ ဦး၊ စုစုပေါင်း ၂၀ ပျောက်ဆုံးနေခဲ့ကြောင်း အစောပိုင်းမှာ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေး အဖွဲ့တွေ စေလွှတ်ခဲ့ရာက သေဆုံးသူ ၃ ဦး ရှိခဲ့ကြောင်း သိရှိလာရတာ ဖြစ်ပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည် ရယူဖို့ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ သေဆုံးသူတွေဟာ နိုင်ငံခြားသား ၂ ဦးနဲ့ အင်ဒိုနီးရှား ၁ ဦးလို့လည်း ကြေညာထားပါတယ်။

ကျန်တဲ့ ၁၇ ဦးထဲမှာ ၁၅ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး အင်ဒိုနီးရှား နိုင်ငံသား လမ်းပြ ၂ ဦးကတော့ တောင်တက်လမ်းမှာ ချန်နေရစ်ပြီး ကယ်ဆယ်ရေး အဖွဲ့တွေကို ကူညီပေးနေခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနေရာတဝိုက် သွားလာခွင့်ကို အစိုးရက လတ်တလော ပိတ်ထားတာကို ခြေလျင်နဲ့ တောင်တက် အဖွဲ့ရဲ့ သတိမမူမိတာကြောင့် အခုလို သေဆုံးမှုတွေ ကြုံလာရတာဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။ သေမှုသေခင်း ဖြစ်ရပ်နဲ့ ပတ်သက်လို့တော့ ဒေသခံ ရဲတပ်ဖွဲ့က တာဝန်ယူပြီး စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

မြောက်ပိုင်း မူလူကူ ပြည်နယ်ထဲမှာ တည်ရှိတဲ့ ဒူကိုနို မီးတောင် ပေါက်ကွဲမှု ဖြစ်ပွားတဲ့ မီးတောင်ထိပ်ဝကနေ မီးခိုးလုံးကြီးတွေ အူထွက်နေသလို ချော်ပြာတွေကို အမြင့် ၁၀ ကီလိုမီတာလောက်ထိ မှုတ်ထုတ်နေကြောင်း သိရပါတယ်။

မီးတောင်ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ရေး အေဂျင်စီက သတိပေးချက် အဆင့် ၃ အဖြစ် သတ်မှတ် ကြေညာထားပါတယ်။ ဒါဟာ အဆင့် ၄ ဆင့် ခွဲခြားထားတဲ့ အခြေအနေမှာ ဒုတိယ အမြင့်ဆုံး သတ်မှတ်ချက်လည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဒေသဆိုင်ရာ အာဏာပိုင်တွေက မီးတောင်ပတ်ပတ်လည် ၄ ကီလိုမီတာအတွင်း သွားရောက်တာမျိုး လုံးဝမလုပ်ဖို့ ဒေသခံတွေကို သတိပေးထားပါတယ်။ မီးတောင် ပညာရှင်တွေက မိုးသာရွာချရင် မီးတောင်ရဲ့ တောင်စောင်းတွေကနေ ချော်ရွှံ့ရည်တွေ စီးကျလာနိုင်ခြေရှိကြောင်းလည်း ပြောပါတယ်။

ဒူကိုနိုဟာ အင်ဒိုနီးရှားမှာ အနိုးကြား အလှုပ်ရှားဆုံး မီးတောင်တစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတုန်းကလည်း တောင်တက်သမားတွေ ရှိနေချိန် မီးတောင်ပေါက်ကွဲခဲ့သေးတာကြောင့် အရှုပ်အထွေးတွေ ကြုံတွေ့ခဲ့ပါသေးတယ်။ အဲဒီနောက် အစိုးရက ဒူကိုနို တောင်တက်ခွင့်ကို ယာယီ ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။ ပုံမှန် အခြေအနေမှာတော့ အဲဒီ မီးတောင်ဟာ ကမ္ဘာလှည့် ခရီးသည်တွေနဲ့ ခြေလျင်တောင်တက် ဝါသနာအိုးတွေကြားမှာ အထူးရေပန်းစားတဲ့ နေရာတစ်ခုပါ။

လောလောဆယ် မီးတောင်ပေါက်ကွဲမှုကြောင့် ကောင်းကင်မှာ ပြာမှုန်တွေ ထူထပ်နေပေမယ့် အဲဒီဧရိယာ တဝိုက်မှာ လေကြောင်းပျံသန်းမှုတွေအပေါ် ထိခိုက်သက်ရောက်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

အတွေးအမြင်

ကုန်ခဲ့တဲ့ ရွေရောင်တောက်ပခဲ့တဲ့ကာလတစ်ခုမှာ ကျွန်တော်တို့တတွေ ခရီးဝေးတစ်ခု သွားတော့မယ်ဆိုရင် ဖြစ်ဖြစ်၊ ညဘက် စာကျက်ရင်း ဗိုက်ဆာရင်ဖြစ်ဖြစ် အရင်ဆုံး ပြေးမြင်မိတာကတော့ ဝေဖာချိုချိဆိမ့်ဆိမ့်လေးတွေဖြစ်တဲ့ Nabati မုန့်ထုပ်လေးတွေပါပဲ။ အဝါရောင်အထုပ်ကလေးကတော့ လူကြိုက်အများဆုံးဖြစ်ပြီး ပန်းရောင်၊ အပြာ၊ ချောကလက်စတဲ့အထုပ်တွေလည်း ကြိုက်ကြတာပဲ။

နိုင်ငံတကာ

အမေရိကန် လေယာဉ်မှူး တစ်ဦးကို ပစ်သတ်ပြီး ခရီးသည်တင် လေယာဉ်ငယ်ကို မီးရှို့ ဖျက်ဆီးပစ်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၊ ပါပူအာဒေသမှာ အခြေစိုက်တဲ့ ခွဲထွက်ရေး လက်နက်ကိုင် အင်အားစု တစ်ခုက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂျီအိုနိုဟာ မြန်မာနိုင်ငံမှာ အားလုံးပါဝင်ပြီး ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါတယ်။