မေ-၉၊၂၀၂၆။ သုည/People’s Spring
နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့မှာ မြန်မာ့ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြဖို့အတွက် “Proof of life” ငြိမ်းချမ်းစွာ စုပေါင်းဆန္ဒပြတောင်းဆိုမှုကို ဒီကနေ့ (မေလ ၉ ရက်)က ပြုလုပ်ခဲ့ပါတယ်။
နယူးဇီလန်ရောက်မြန်မာတွေက “Proof of Life” ၊ “Free Burma” ၊”Free Aung San Suu Kyi” စတဲ့ ကြွေးကြော်သံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
လာမယ့် ဇွန်လပိုင်းမှာလည်း ကိုထိန်လင်း (ခေါ်) Kim Aris ရဲ့ Australia – New Zealand Campaign ခရီးစဉ်မှာ နယူးဇီလန်ပါလီမန်အမတ်တွေကိုယ်တိုင် Proof Of Life Campaign ပါဝင်လာရေး တိုက်တွန်းသွားမည် ဖြစ်ကြောင်း နယူးဇီလန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ဆိုပါတယ်။

Public Service Announcement
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။
Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။





















































