Connect with us

Hi, what are you looking for?

သတင်း

နတ်မောက်မှာ အင်အာဖြည့်တင်းနေတဲ့ စစ်တပ်ကို ဗိဿနိုးတပ်တိုက်ခိုက်

မကွေးတိုင်း၊နတ်မောက်မြို့နယ်မှာ စစ်တပ်က အင်အားနဲ့ ခဲယမ်းတွေထပ်ဖြည့်နေပြီး စစ်ကြောင်းပြန်ထိုးနေတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ မေလ ၁၀ရက်မှာ ထုတ်ပြန်ပါတယ်။

(နတ်မောက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - စစ်ဦးစီးတပ်)

မေ -၁၀၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊နတ်မောက်မြို့နယ်မှာ စစ်တပ်က အင်အားနဲ့ ခဲယမ်းတွေထပ်ဖြည့်နေပြီး စစ်ကြောင်းပြန်ထိုးနေတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ မေလ ၁၀ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်ကြောင်းထိုးလာတဲ့စစ်တပ်ကို နတ်မောက်မြို့နယ်အရှေ့ခြမ်းမှာ သုံးကြိမ်ထက်မနည်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဆိုပါတယ်။

အခု မေ၈ ရက် မနက် ၈ နာရီခွဲက လဲဘူးကျေးရွာက ထွက်ခွာလာတဲ့ စစ်ကြောင်းကို သပွတ်ပင်ရွာနဲ့ ကျောက်အိုးကျေးရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်က အထိနာပြီး ကျောက်အိုးရွာကနေပြန်ဆုတ်သွားရတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် လျှော်ချောင်းလေးရွာက ထွက်ခွာလာတဲ့ နောက်ထပ်စစ်ကြောင်းကိုလည်း ထန်းပင်မျှောင်နဲ့ ကန်သာရွာကြားမှာ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ပြီး ထိခိုက်ဒဏ်ရာရသူများပြားလို့ လက်ရှိမှာ ကန်သာကျေးရွာမှာ တပ်စွဲနားနေရတယ်လို့ အသိပေးပါတယ်။

စစ်တပ်က ထိခိုက်ဒဏ်ရာရသူတွေကို နတ်မောက်မြို့တွင်း ပို့ဆောင်ထားရတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းလှုပ်ရှားမှုတွေကြောင့် ဒေသခံတွေအနေနဲ့ သတိပြုသွားလာကြဖို့လည်း တိုက်တွန်းပါတယ်။

“လက်ရှိတော့ စစ်ကြောင်းက လဲဘူး၊သပွတ်ပင်၊ကျောက်အိုးရွာတွေကိုဖြတ်ပြီး အိုင်မဘက်ကိုရောက်နေပါတယ်။နတ်မောက်ရဲ့အရှေ့ခြမ်းက ရွာတွေပါ”လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

နတ်မောက်မြို့နယ်အရှေ့ခြမ်းကို မြို့သစ်မြို့နယ် နဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းကနေ အင်အား ၃၀၀ ဝန်းကျင်နဲ့ စစ်တပ်က ဧပြီလ ၁ ရက်ကစလို့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံတော် လှန်ရေးတပ်တွေနဲ့ မကြာခဏထိတွေ့မှုတွေ ဖြစ်နေပါတယ်။

အရပ်သားသုံးဦးထက်မနည်းကို သတ်ဖြတ်ကာ စစ်ကြောင်းဝင်တဲ့ကျေးရွာတွေက နေအိမ်တွေကို ဖောက်ထွင်းပြီး မီးရှို့မှုတွေရှိနေတယ်လို့ သိရပါတယ်။

အလယ်ရိုးမနဲ့ဆက်စပ်နေပြီး သစ်တောကြိုးဝိုင်းတွေရှိနေတဲ့ နတ်မောက်မြို့အရှေ့ခြမ်းက တော် လှန်ရေးတပ်စခန်းတွေ ကို ရှင်းလင်းရေးနဲ့ နယ်မြေစိုးမိုး ရေးကို စစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ဘုတ်ဆုတ်ခင်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ အများအပြားသေဆုံးထိခိုက်ခဲ့ရကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို